'သားရောင်လေးရေ....မေမေတို့အကုန်ပြီးပြီးနော်..'
'ဟုတ်မေမေ..သားလာခဲ့မယ်ခနလေးမေမေ..'' အေးအေး'
မွန်းအက်ျီကြယ်သီးတပ်ရင်းနှင့် မေမေကိုပြန်ဖြေလိုက်သည်။မွန်းတို့ဒီနေ့မိဘမဲ့ဂေဟာမှာအလှူလုပ် မဂ်လာဆွန်းကပ်ရန်ဖြစ်သည်။သို့သော်ဦးဆောင်မည့်သူက ခုချိန်ထိရောက်မလာသေးပါ ဖုန်းဆက်ဖို့ကလည်း ဖုန်းနံပါတ်ကလည်းမသိနဲ့
'တီတီ...'(ကားဟွန်းတီးသံ)
'သားရေ မင်းကောင်လေးလာပြီထင်တယ်..'
'ဟုတ်မေမေ..လာပြီလာပြီ..'
'ငယ်ရေ လာတော့ဟိတ်'
'ဟုတ်မေမေ...'
ဒီအမှုကိစွမှာ အတတ်ကြွဆုံးလူကိုပြပါဆိုလျှင် မေမေ့ကိုသာလပ်ညှိုးထိုးပြရပေမည်။ မွန်းအကျီ အရောင်နှင့်ဆင်တူစွာ မေမေနှင့်ညီမလေးမှာလည်း ဆင်စွယ်ရောင်ချိတ်တို့နှင့်ဖြစ်သည်။မေမေက လူကြီးဆန်ဆန် ကျက်သရေရှိကာ လှသလို ညီမလေးကလည်း အပျိုဖြန်းလေးနယ် နုနယ်ပျိုမြစ်လှပသည်။
သူ့ကအိမ်ထဲသို့ဝင်လာပြီးမွန်းတို့ကိုလာခေါ်သည်။ဒီနေ့ဝတ်ဖို့သူ့တပည့်တွေပေးသွားတဲ့အက်ျီအတိုင်းပင် သူနဲ့မွန်းရဲ့အက်ျီပုဆိုးတွေကဆင်တူဖြစ်သည်။နံ့သာရောင် စတစ်ကော်လန်နဲ့ အောက်ကပိုးပုလဲဖောက်နံ့သာရောင်ပုဆိုးဖြစ်သည်။ဒီလူကဘာနဲ့ဖြစ်ဖြစ် ကြည့်လို့ကောင်းသောသူဖြစ်သည်။ပုဆိုးဝတ်ထားတာကြောင့် ယခင်ရှည်သောအရပ်မှာပို၍ပင်ရှည်လျားနေလေသည်။
မွန်းတို့မိသားစုနှင့်သူက ကားတစ်စီးဖြစ်ပြီးအနောက်မှာကားငါးစီးခန့်လောက်ပါသည်။ဦးဆုံးတရားရုံးသို့သွားကာအရင်လက်ထပ်စာချုပ်မှာလက်မှတ်ဝင်ထိုးခဲ့ကြခြင်းဖြစ်သည်။ထို့နောက်ဘုန်းကြီးကျောင်းသို့သွားကာမွန်းတို့ဘုန်းကြီးကျောင်းကိုရောက်တော့ကျောင်းကြီးကတော်တော်ကိုလှသည် ဘုရားရုပ်ထုတွေတည်ရှိပြီး ကြာကန်ရေကန်အကြီးကြီးလည်းရှိသည်။
ဘုန်းကြီးကျောင်းမှာမဂ်လာဆွန်းကပ်ပြီး သံဃာတစ်ပါးဆီတိုင်းကိုလည်း ဝတ္ထုငွေများကပ်လှူခဲ့ပါသည်။ ဘုန်ကြီးကျောင်းရှိလူများအလုပ်သမားများကိုလည်း ပိုက်ဆံများအလှူပြုခဲ့ကြပါသေးသည်။ကျောင်းတိုင်ဘုန်းဘုန်းကြီးကတော့ပီတိဝမ်းမြှောက်ကာသာဓုများခေါ်ကာဆုများလည်းပေးခဲ့ပါသည်။ကျောင်းတော်ကခမ်းနားကာ ရှေးဟောင်းအငွေ့အသက်တွေပါ ရင်ထဲလှိုက်လဲစွာခံစားရသည်။
YOU ARE READING
Man
FanfictionMan မာန်ဂုဏ်ရှိန်🖤 ငါ့အစ်မဘဝကိုဖျတ်ဆီးခဲ့တဲ့ မင်းအစ်ကိုကောမင်းအစ်ကိုသိပ့်ချစ်ရတဲ့မင်းရဲ့ဘဝကိုကော ကျုပ်ကပြန်လက်စားချေပြမယ်.... မွန်းရောင်ဖြာ❤️ ငါ့မင်းကိုအရမ်းမုန်းချင်တယ်ဆိုတာမင်းသိလား.... ဒြာရဲ့ပထမဆုံးficလေးမို့အားပေးကြပါအုန်းရှင့် ficမှာ🌚အမှ...