ep~8

325 11 0
                                    

 ' ဟယ် သားလေးကသိပ့်တော်တာပဲကွယ်..ကော်ဖီဘယ်လိုနပ်ရမလဲကောင်း"သိတာပဲ'

မွန်းဖျော်ထားသောကော်ဖီကွက်လေးထဲမှ ကော်ဖီအနည်းငယ်မြည်းကြည့်ကာ ကြီးကြီးမြက မွန်းအားချီးကျူးလာလေသည်။မွန်းလည်း အပြုံးချိုချိုလေးပြန်ပြုံးပြကာ

 ' ကျွန်တော်ကအိမ်မှာလည်း အဲ့လိုကော်ဖီနပ်လေးသောက်ဖြစ်လို့ပါ..'

'ဟုတ်ပါပီ ဟုတ်ပါပီ..ဒါနဲ့သားလေးနာမည်မွန်းရောင်ဖြာ မှတ်လားကွဲ့ မဂ်လာဖိတ်စာမှာကြီးကြီးမြ တွေ့ဖူးလို့..'

'အော် ဟုတ်..ကျွန်တော့်နာမည်က 'မွန်းရောင်ဖြာ' ပါဗျ.'

'နာမည်လေးက လူနဲ့လိုက်အောင်လှတာပဲ. ကြီးကြီးမြ သားမွန်းလို့ ပဲခေါ်မယ်နော်  အဆင်ပြေရဲ့လားသားမွန်း'

'ဟုတ်အဆင်ပြေပါတယ် ကြီးကြီးမြ အဆင်ပြေသလိုခေါ်ပါဗျ..'

'အေးပါကွယ်..'

ကြီးကြီးမြ ကမျက်နှာချိုသူဖြစ်မည်။မွန့်းနှင့်စကားပြောတိုင်း  ကြီးကြီးမြမျက်နှာလေးက ပြုံးတုံးတုံးနှင်သြာဖြစ်သည်။သဘောကောင်းပုံလည်းပေါ်လှသည်။ထို့​ြောင့်မွန်းသိချင်နေသောအရာအားထုတ်မေးမိလိုက်သည်က

'ဒါနဲ့ကြီးကြီးမြ  ဒီအိမ်မှာကလေးရှိတာလားဟင်'

'ရှိတယ်လေ '

'ကျွန်တော်မတွေ့မိလို့ပါ..'

'ခုကတော့မရှိဘူးသားမွန်းရဲ့  သားမွန်းနဲ့သခင်လေးမာန်တို့ လက်မထပ်ခင်က  သားလေး ချီချီ က နေမကောင်းလို့ ကနေဒါမှာဆရာဝန်နဲ့အနီးကပ်သွားပြနေရတာ သခင်ကြီးနဲ့ သခင်မကြီးလည်း လိုက်သွားကြတာလေ.. မဂ်လာဆောင်မနက်ခနလာပြီးအားချင်းပြန်သွားကြတာ..'

'ကလေးကဘာဖြစ်တာလဲဟင်ကြီးကြီမြ'

မွန်းမေးခွန်းကြောင့်ကြီးကြီးမြက ခေါင်းတစ်ခါခါဖြင့် ညိုးငယ်သောမျက်နှာလေးဖြင့်ပြန်ဖြေလာ၏။

'သားချီက သနားစရာကလေးပါကွယ် မွေးမွေးချင်းအမေဖြစ်သူဆုံးရသလို မမွေးခင်ကတည်းကလဲဖေအေ ဖြစ်သူရဲအငွေ့အသက်တောင်မရခဲ့ပါဘူးသားမွန်းရယ်..ဟော မွေးပြီးတော့လည်းမွေးရာပါ နှလုံးမှာအပေါက်ပါလာတာလေကွယ်..'

ManWhere stories live. Discover now