ep~9

329 9 0
                                    

    မွန်းမနက်က အခန်းထဲရောက်ရောက်ချင်းလှဲလိုက်တာ မနေ့က ပင်ပန်းတာအပါအဝင် ညကပါ ပင်ပန်းထားမှုကြောင့် အိပ့်ပျော်သွားသည်ဖြစ်သည်။ထို့ကြောင့် အောက်ထပ်သို့အမြန်ဆင်းရသည်။အကြောင်းမှာနာရီလက်တံတိုက ၁၁မှာရှိနေပြီးလက်တံအရှည်မှာ၉သို့ရောက်နေပြီဖြစ်သည်။၁၂နာရီထိုးဖို့၁၅မိနစ်သာလိုတော့သည်။

အောက်ထပ်သို့ရောက်ရောက်ချင်း

'ကြီးကြီးမြ ထမင်းချိုင့်ရပြီလားဟင်'

'ရပြီသားရဲ့ ဟိုစားပွဲပေါ်မှာချထားတယ် ကြီးကြီးမြယူပေးမယ်'

'ဟုတ်ဟုတ်'

ကြီးကြီးမြက ထမင်းချိုင့်ကို မွန်းလက်ထဲပေးပြီးသည်နှင့် မွန်း ထိုလူ ကုမ္ပဏီဆီသွားရန်သာ ဆန္ဒစောနေသည်။

    'ကြီးကြီးမြရေ..သွားပြီနော်.'

'သားလေးသွားရင်  မင်းတို့ဘဘကြီးဦးတင်လှ ကိုလိုက်ပို့ခိုင်းလိုက်နော်'

'ဟုတ် ဟုတ်'

  'အေးကွဲ့   ဖြေးဖြေးသွားအုန်း နော်ဂရုစိုက်ပြီးလည်းသွားအုန်း'

'ဟုတ်..'

~~~~~~

မွန်းခြံထဲဆင်းပြီးသည်နှင့် အလောတကြီး အလုပ်တန်းလျား၏အရှေ့ဘက် အဆောင်ငယ်လေးဆီပြေးသွားလိုက်၏။

'ဘဘကြီးခင်ဗျ  ကျွန်တော့်ကို မာန်ရဲ့ကုပ္မဏီကိုလိုက်ပို့ပေးပါလားဗျ'

'  လာလေသခင်လေးရဲ့'

'မွန်းရောင်ဖြာပါ  မွန်းလို့ခေါ်လဲရပါတယ်ဗျာ သခင်လေးလို့မခေါ်ပါနဲ့'

'ဟုတ်ပါပီဗျာ..ကဲ လာလာ သားမွန်း'

မွန်းရယ်သွေးပြီးပြောတော့ ဘဘကြီးကလဲ ရယ်သွေးမူပြုကာ သားမွန်းလို့ပြန်ခေါ်ပေးသည်ဖြစ်သည်။မွန်းကို 'သခင်လေး'လို့ခေါ်တာကိုမကြိုက်ပါ။ထိုကြောင့် အလောတကြီးဖြစ်နေရကြားထဲက မခေါ်ဖို့ တားမိလေသည်။

~~~~~
'သားမွန်း ရောက်ပြီနော် သားက နေအုန်းမှာလား ပြန်လိုက်မှာလားကွဲ့'

'ပြန်လိုက်မှာ ဘဘကြီးရဲ့  ခနပဲစောင့်နော်'

'ရပါတယ်ကွာ အေးဆေး ကိုယ့်ယောက်ျားကိုသေချာကျွေးပြီးမှ ပြန်လာခဲ့ ဘဘကြီးစောင့်နေမယ်..'

ManWhere stories live. Discover now