ep~3

407 17 0
                                    

  'အင်းးးးဟင့်'
    
မှန်အကြည်ရောင်ကိုထိုးဖောက်၍ဝင်ရောက်လာသောနေရောင်ကြောင့်မွန်းမျက်လုံးများတဖြေးဖြေးဖွင့်ကျလာခဲ့သည်။နေ၏အလင်းရောင်ကြောင့်မျက်တောင်များနှစ်ချက်မျှခတ်ကာ အပျင်းဆန့်လိုက်ပြီးမှ အိပ်ရာမှ ဝုန်းခနနဲ့ထရပ်မိသည်။ငါအိမ်ပြန်ရအုန်းမည် အိမ်မှာမေမေနဲ့ညီမလေးနှစ်ယောက်ထည်း သူ့က်ုလည်းစိတ်ပူနေလောက်ပြီ   ညကဘယ်လိုအိပ်ပျော်သွားမှန်းပင်မသိလိုက်ပေ အတွေးပေါင်းမြှောက်များစွာဖြင့်သာ အိပ်စက်ခြင်းသို့ရောက်ရှိခဲ့ခြင်းဖြစ်ပေလိမ့်မည်။
  
မွန်းအခန်းပြင်ထွက်၍အောက်ထပ်သို့လှေကားတစ်ဆင့်စီတိုင်းပြေးဆင်းပြီအိမ်ထဲမှထွက်ဖို့ပြင်စဥ်အရှေ့တည့်တည့်မှလာပိတ်ရပ်သောတူညီဝတ်စုံနှင့်နှစ်ယောက်....

'ဖယ်ပေး ..ငါအိမ်ပြန်မို့ ငါ့ကိုမေမေတို့စိတ်ပူနေကြမှာ ..ဖယ်..'

'......'

'ဟာဖယ်ကြလို့ဆို..ဖယ်နော် မဖယ်ရင်ငါ....'

'မဖယ်ရင်ဘာလုပ်မို့လို့လဲ...'

မွန်းရဲ့အနောက်တည့်တည့်မှထွက်လာသောမာကြောသောအသံ..

'ငါ့ကိုအိမ်ပြန်ပို့ပေး ..ငါ့ကိုမေမေတို့စိတ်ပူနေလောက်ပြီ..'

'မနက်စောစောစီးစီးအာရုံနောက်တယ်...'

'ပြန်ပို့ပေး...'

'ကျုပ်ပြောထားတာသဘောတူရင်ပြန်ပို့ပေးမယ်'

'ဟင့်အင်းငါ့ကိုအိမ်ပဲပြန်ပို့ပေး'

'မပြန်ချင်လဲခင်ဗျားသဘောပဲ. .ကျုပ်ပြန်သွားအိပ်တော့မယ်...'

'ခ..ခန နေအုန်း'

ပြောဆိုသည့်သဘောဖြင့်မွန်းကိုမျက်ရိပ်ပြသည်။

'ငါစဥ်းစားပေးမယ် ငါ့ကိုခုအိမ်ပြန်ပို့ပေးပါ။'

'မရဘူး...'

ပြောပြီး အပေါ်ထပ်သို့ပြန်လှည့်ထွက်တော့မည့်ထိုလူအားဖြစ်ချင်ရာသာဖြစ် ဆိုပြီးပြန်ပြောလိုက်သောစကားက

'လက်ခံတယ် လိုက်ပို့ပေး....'

'ဟက်...ကျုပ်ရေချိုးပြီးဆင်းလာမယ် ခနထိုင်စောင့်နေ...'

ManWhere stories live. Discover now