ep~2

484 28 0
                                    

      မွန်း ဒီအခန်းထဲကိုရောက်နေတာနာရီအနည်းငယ်ရှိနေပြီဖြစ်သည်။ခုထိဘာလုပ်ရမှန်းမသိသေးသလို ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ။ အိပ်ခန်းသာပြောတာ အခန်းကြီးကလုံးဝကိုအကျယ်ကြီးဖြစ်သည်။ခုအိပ်ခန်းတစ်ခုထဲကပင်မွန်းတို့အိမ်တစ်လုံးစာလောက်ဖြစ်နေသည်လေ။ အိမ်ကြီးကအဖြူရောင်တွေကြီးဖြစ်သလောက် အခန်းတွင်းအသုံးအဆောင်တွေက အနက်ရောင်နဲ့ရွှေရောင်တွေသာများသည်။လုံးဝကိုအထက်တန်းစားပစွည်းတွေချည်းသာဖြစ်သည်။ အခန်းထဲတွင်King size ကုတင်အကြီးကြီးရယ် ကုတင်ရဲ့ ဘယ်ဘက်ချမ်းတွင်နောက်ထပ်အခန်းတစ်ခုရှိသေးသည်ပင်။ ညာဘက်ချမ်းတွင်တော့မှန်အကြည်များဖြင့်ကာထားပြီး အောက်ဘက်ခြံထဲကိုမြင်နေရသည်။ ခြံကြီး၏ခေါင်းရင်းပိုင်းတွင် ဒန်းလေတစ်ခု ထိုင်ခုံလေးတွေများစွာရှိနေပြီး သစ်ပင်အမြှောက်အများရှိတဲ့ဥယျာဉ်လေးထဲတွင်လည်းဖန်လုံအိမ်လေးတစ်ခုရှိနေလေသည်။

 ' ခုထိဘာမှမလုပ်ရသေးဘူးလား...'

'ဟမ် ဘာကိုလုပ်ရမှာလဲ...'

'မင်းကိုကျုပ်စောစောကဘာပြောခဲ့လဲ။'

မွန်းအနည်းငယ်စဥ်းစားလိုက်ရသည်။ သူပြောလိုက်တဲ့ဟိုစကားကြီးကိုတော့မှတ်မိပေမဲ့သူ့နူတ်မှထွက်၍မပြောချင်ပါ။

'မသိဘူး မင်းငါ့ကိုဘာပြောလိုက်လို့လဲ...'

'အော်..ထပ်ကြားချင်တော့လဲ ပြောပြရမှာပေါ့ ...ကျုပ်မိန်းမလုပ်ဖို့ကိစွ...'

'ဟမ် ...ငါအတည်ပြောမယ် မင်းနဲ့ငါမသိသလို မင်းလည်းယောက်ျား ငါလည်းယောက်ျား ..ပြီးတော့ပိုသေချာတာက ငါမင်းကိုလုံးဝမယူနိုင်ဘူးးး'

'သေချာပြီလားးး'

'သေချာတယ်...'

'အိုခေ လေ အဲ့ဒါဆိုလည်းခင်ဗျားနေရာမှာ ခင်ဗျားညီမလေးကိုအစားထိုးယုံပေါ့ ဟက်...
မဆိုးပါဘူးသူလည်းချစ်စရာလေးပဲ.'

မျက်နှာတစ်ခုလုံးရဲမှည့်နေတာ နူတ်ခမ်းစူစူ မျက်မှောင်ကုတ်ကုတ် လုပ်နေသူကြောင့် မာန် တမင်တကာပို၍ရွဲ့ပြောလိုက်တာဖြစ်သည်။

'မင်း ..ညီမလေးကို ....မရဘူးမင်းလိုလူလက်ထဲငါ့ညီမကိုမထည့်နိုင်ဘူး ..ပြီးတော့ငါ့ညီမလေးကအသက်လည်းမပြည့်သေး...'

ManWhere stories live. Discover now