7:23Am
မနက်ခင်းနေရောင်ခြည်နွေးနွေးလေးတွေက မှန်ချပ်လေးများကိုဖောက်ထွင်းလျက်အိပ်နေသူအဖြူရောင်ဖျော့ဖျော့လေးရဲ့မျက်နှာပြင်သို့ခစား ဖြာကျလျက်...
'အ့...ကျွတ်ကျွတ်ကျွတ်.'
နိုးလာတာနဲ့တစ်ပြိုင်နက် ကျောရိုးလည်ကနာကျင်မူ ခါးအောက်ပိုင်းကနာကျင်မူကအသဲခိုက်စရာပင်...မွန်းမှာအားအင်ကုန်ခမ်းနေသလိုပင်ခံစားနေရသည်။ခန္ဓာကိုယ်မှာလည်းအနံ့အသက်ကမကောင်းတော့ပေ။ထို့ကြောင့်အိပ်ယာကနေ အားယူထ ကာ ရေချိုးခန်းထဲသို့သွားရတော့မည်။
'ဟင်...'
မွန်းးအံ့သြမှင်သတ်သွားရသည် ရေချိုးခန်းထဲကမှန်ကနေတစ်ဆင့်မြင်လိုက်ရသောအရာတွေကြောင့် မွန်းရဲ့ လည်တိုင် ညှပ်ရိုးကအစ ခါးအောက်ပိုင်းနေရာတွေကအဆုံးး ခရမ်းပုတ်ရောင်အကွက်လိုက်တွေအများကြီးပင်။ညက အဖြစ်အပျက်တွေက တဖြေးဖြေးချင်း ရုပ်ရှင်ပိတ်ကားပြသလို တစ်ကွက်ချင်း တစ်ကွက်ချင်းပြန်မြင်ရောင်လာလေသည်။
*ငါ့အစ်ကိုမင်းအစ်မကိုဘာတွေများလုပ်ထားလို့ငါ့ကို အဲ့လောက်တောင်မုန်းနေရတာလဲ....*
မွန်းလည်းခပ်သုတ်သုတ်ပင်ရေချိုး အဝတ်စားလဲကာ ပြန်အိပ့်ဖို့သာပြင်သည်။သူဗိုက်လည်းမဆာသလို အောက်ထပ်ကလူတွေနဲ့လည်းမတွေ့ချင်သေးပါ
~~~~~
'ကျွီ...'
'ဟေ့ ဒီမှာ ..ခင်ဗျားမထသေးဘူးလား'
အနားလာပြီးပါးကိုခပ် စပ်စပ်လေးရိုက်ပြီးနိုးတဲ့သူကြောင့်မွန်းနိုးသွားရသည်။
'ဟင်...'
'ထတော့..ခင်ဗျားအိပ်နေလို့မရသေးဘူး ခင်ဗျားကိုခိုင်းစရာ အလုပ်တွေရှိတယ်,,'
'ငါမနက်ဖြန်မှလုပ်လို့မရဘူးလားကွာ.ငါဒီနေ့နေမကောင်းလို့နားပါရစေ'
'မရဘူးးခင်ဗျားကိုဘာမှမလုပ်ဘဲ အလကားတင်မကျွေးထားနိုင်ဘူး'
'ငါလည်းအလကားမစားပါဘူး နောက်နေ့ကစလုပ်ပေးမယ်လို့ပြောတယ်လေ'
'မရဘူး! ခုထလိုက်တော့ မဟုတ်ရင် ညကထက်ပိုဆိုးမယ်..'
'မင်း'
YOU ARE READING
Man
FanfictionMan မာန်ဂုဏ်ရှိန်🖤 ငါ့အစ်မဘဝကိုဖျတ်ဆီးခဲ့တဲ့ မင်းအစ်ကိုကောမင်းအစ်ကိုသိပ့်ချစ်ရတဲ့မင်းရဲ့ဘဝကိုကော ကျုပ်ကပြန်လက်စားချေပြမယ်.... မွန်းရောင်ဖြာ❤️ ငါ့မင်းကိုအရမ်းမုန်းချင်တယ်ဆိုတာမင်းသိလား.... ဒြာရဲ့ပထမဆုံးficလေးမို့အားပေးကြပါအုန်းရှင့် ficမှာ🌚အမှ...