ep-4

381 16 0
                                    

မွန်းအိမ်သို့ပြန်ရောက်တော့နေ့လည်လောက်ရှိပြီမို့ ရေမိုးချိုးအိပ်လိုက်တာ ညနေစောင်းလောက်ဖြစ်သွားသည်။ဒါကြောင့်အိမ်ယာမှထကာမေမေနဲ့ ညစာ စားဖို့ပြင်ဆင်ရမည်ဖြစ်သည်။'

မွန်းအခန်းထဲကထွက်လာတော့မေမေကအိမ်ပြင်ကပြန်လာပုံရသည်။အကျ်ီသနပ်ခါးရောင်ခံကိုမှအပေါ်ကအပွင့်နုတ်ခလေးတွေနဲ့ ထဘီက အဝါရောင်ပါတိတ်ဖြစ်သည်။ခြံတံခါးကိုဖွင့်နေကာလက်ထဲမှာလည်းကန်ပွန်းရွက် တွေကိုင်ထားတာတွေ့ရသည်
 
'မေမေဘယ်ကပြန်လာတာလဲ...'

'သားလေးအတွက်သားကြိုက်တဲ့ကန်ပွန်းရွက်ချဉ်လေးသုပ်ပေးမလို့ သွားဝယ်တာ..'

မေမေ့မျက်နှာမှာသနပ်ခါးအဖွေးသားနှင့် ကြည်နူးမှုတွေပါဝင်သောအပြုံးလေးတွေစိမ့်ဝင်နေလေသည်။ အဲ့လိုမြင်လေ မွန်းမေမေ့ကိုမနာကျင်စေလေဖြစ်သည်။

'မေမေရယ် ရပါတယ်သားကဘာဖြစ်ဖြစ်စားတဲ့ဟာကို မေမေအပင်ပန်းခဲလို့'

'ကျုပ်သားလေးကိုစားစေချင်လို့ပါတော်...နောက်ဆိုမေမေ့က ချက်ကျွေးချင်မှချက်ကျွေးရတော့မှာမလား...'

မေမေထိုစကားတစ်ခွန်းကြောင့်မွန်းမိူင်ကျသွားရသလို မေမေ့ရဲ့မျက်နှာဝင်းဝင်းမှာလည်း တစ်စက္ကန့်လောက် အရောင်ပြောင်းသွားလျက် ပြီးမှတည်ကြည်​သောမျက်နှာသွင်ပြင်ဖြင့်ဆို၏

'သားရောင်လေးးးသားမှာငြင်းပိုင်ခွင့်ရှိတယ်နော်..သူကသားချစ်သူ မဟုတ်​ဘူးဆိုတာငြင်းလည်းမေမေကယုံပေးမှာပါ..'

'မဟုတ်ပါဘူးးသူက  သားချစ်သူပါမေမေ သူနဲ့တွဲနေတာလအနည်းငယ်တော့ရှိပါပြီ..ယောက်ျားချင်းတွဲတာမေမေသိရင်စိတ်မကောင်းမှာဆေးလို့သားကဖွင့်မပြောပြသေးတာပါ။'

'ဒီမယ်သားရောင်လေး သားက ဘာပဲဖြစ်နေဖြစ်နေမေမေ့ရဲ့သားဖြစ်နေတဲ့အတွက်ကြောင့်မေမေ့ကတော့သားကိုအမြဲချစ်နေမှာ သားလေးကငယ်ငယ်ထဲကနေခုချိန်ထိဟောဒီကမေမေကိုဘာတွေစိတ်ညစ်စေခဲ့လို့လဲ။မေ့သားလေးကသားလိမ္မာလေးပဲဟာ ..သားကမင်းအစ်ကိုလိုဆိုးသွမ်းနေတာမှမဟုတ်..အဲ့တော့မေမေယုံတယ်သားကို  ..သားဘာလုပ်လုပ်မေမေကသဘောတူပါတယ်..တသက်လုံးဒီမအေနဲ့ဒီညီမလေးကို ပြုစုလုပ်ကျွေးလာတာ အချိန်တန်ပါပီသားရယ်..မေ့သားလေးပျော်ရွှင်ဖို့သာမေမေလိုလားတော့ပါတယ်....'

ManWhere stories live. Discover now