ep~11

323 7 0
                                    

    ခါးကတင်းကြပ်ကြပ်အထိအတွေ့ကြောင့်မွန်းမှာအိပ့်ရာမှနိုးလာကာနာရီကိုကြည့်မိတော့၅နာရီထိုးတော့မည်ဖြစ်သည်။ထို့ကြောင့် မနက်စာလုပ်ဖို့ထရတော့သည်။အိမ်မှာနေတုန်းကလဲ မနက်စောစောထလေ့ရှိသူမို့ စောစောထရသည်က မွန်းအတွက်အဆင်မပြေစရာမရှိပါ။

   ' ဟင်...အ့ ဘာလုပ်တာလဲ'

  ဆောင်ကိုမ၍ ခါးမှသူ့လက်အားအသာအယာဖယ်ကာဖြေးဖြေးချင်းထနေရာမှ သူ့ရဲ့ လက်နှင့် မွန်းလက်ကိုစောင့်ဆွဲကာ အတင်းပြန်ဖက်ထားသူကြောင့် မွန်းမှာ တခနမျှ မူးဝေသွားရသည်။
  
    'မင်းကရောဘာထလုပ်မလို့လဲ'

   ' ၅နာရီထိုးတော့မယ်လေ  မနက်စာပြင်ပေးမို့ထတော့မယ်..'

   'ပြန်အိပ်အုန်း'

   'မင်းပဲ၅နာရီထရမယ်ဆို..'

   'ခင်ဗျားကစောက်ရမ်းစကားများတာပဲ ကျုပ်အိပ့်ဆိုပြန်အိပ့်လိုက်.'

  ' ထမှာ ငါမအိပ်ချင်တော့ဘူး'

   'ခင်ဗျားမအိပ်ချင်လည်း ကျုပ်အိပ်ချင်သေးတယ်.'

   'ငါ...:

   'တိတ်လိုက်တော့နားညီးလာပြီ  အသံထပ်ထွက်ရင်သိတယ်မလား'

  အနောက်ကနေတင်းကြပ်ကြပ်ဖက်ထားမှုကြောင့် မွန်းရဲ့ခါးအောက်ပိုင်းကိုလာထောက်သော သူ့အရာကြောင့်မွန်းမှာညိမ်နေလိုက်ရသည်။စော"စီး"နှာဗူးကောင်!

... 7:55Am

   'မာန်..ထတော့'

  ' မာန် ထတော့လို့'
 
  ' မာန်!'

  'ဘာလဲ..အိပ်နေတာကိုသေမလို့နိုးနေတာလား'

  'မင်းစောစောစီးစီးလာပြီး မမိုက်ရိုင်းနဲ့ မင်းကိုအကောင်းနိုးတာမဟုတ်ဘူး ငါရူးပေါက်ချင်နေပြီ အဲ့တာမင်းလက်ကြီးဖယ်.'

'ကျစ်..အာရုံပဲ.သွား'

  လူကအိပ်လို့ကောင်းတုန်းရှိသေး ထမလို့လုပ်သူကြောင့်တစ်ခါနိုးပြီးပြီး  ဒီကြားထဲဖက်ထားတာလဲငြိမ်ငြိမ်နေလားဆိုတော့လည်းမဟုတ် ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်  လှုပ်စိလှုပ်စိ လုပ်လိုက်နဲ့ ခုလည်းရူူးပေါက်မလိုတဲ့..စောစောစီးစီးအာရုံနှောက်တယ်  နောက်ခါသူထရင် တစ်ခါထဲလွှတ်ပေးထားလိုက်မယ်။ကိုယ်တိုင်ကလည်း ဘာကြောင့်သူ့ကိုဆွဲထားမိမှန်းကိုမသိပေ။

ManWhere stories live. Discover now