ep~6

396 11 0
                                    

  ' ဒယ်ဒီ ..မာမီ '

ခန်းမအလည်မှာ ဧည့်သည်တွေကိုလိုက်လံဧည့်ခံပေးနေသည့် အလွန်ခန့်ညားတည်ကြည်သော အသတ်လတ်ပိုင်းနှင့် မဟာဆန်ကာ ကျက်သရေရှိသောအလှကိုပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးတို့ကလှည့်ကြည့်လာလေသည်။ပြီးသည်နှင့်ထိုသူနှစ်ယာက်လုံးနူတ်ဖျားမှထွက်ကျလာသော စကားတစ်လုံမှာ

   'သား'

'ကျုပ်  ဒယ်ဒီနဲ့မာမီ'

'ဟုတ် ကဲ့'

မွန်းကို သူ့မိဘများဖြင့်မိတ်ဆက်ပေးတော့ တစ်ခါမတွေ့ဖူးသဖြင့်မွန်းစိတ်လှုပ်ရှားစွာဘာပြန်ပြောလို့ ပြန်ပြောရမှန်းမသိပေ။ဒါဆိုခနက မွန်းလက်ကိုလာကိုင်ပေးသူက သူ့အဖေပင်ဖြစ်သည်။သူ့မိဘနှစ်ပါးလုံးက မျက်နှာချိုကြသည်။သူသာ အမြဲဆူပုတ်နေတာဖြစ်သည်။

'အေးကွယ် သားတို့ဆက်ဧည့်ခံလိုက်ကြအုန်းနော်'

'ဟုတ်'

'မာန်  ဒယ်ဒီတို့ ခနနေ ဒီကနေတစ်ခါထဲပဲ
'ကနေဒါ' ကိုသွားမယ် အချိန်မမှီမှာဆေးလို့'

'ဟုတ်  '

'အေးအေးသားတို့ဂရုစိုက်ကြအုန်း...ကောင်လေးသွားပြီနော်.'

'ဟုတ်ကဲ့ခင်ဗျ'

သူတို့ပြောနေတာ မွန်းမသိပေမဲ့ နားထောင်နေကာ  နောက်ဆုံးမွန်းကို ကောင်လေးလို့ခေါ်ကာနူတ်ဆက်လိုက်သဖြင့် အယောင်ယောင်မှားမှားဖြင့် တရိုသသေပင် ပြန်ဖြေမိလိုက်သည်။ သူ့မိခင်ဖြစ်သူကတော့ ပြုံးသာပြုံးပြသွား၏။

မွန်းတို့ တခြားဧည့်သည်တွေကိုလည်းလိုက်လံ ဧည့်ခံနေကြ ဝိုင်းတစ်ဝိုင်းအရောက်.

'ဟေးးး ဟေ့ရောင် မာန်  မင်းအမျိုးသားလေးကချော လိုက်ချည်လားကွာ'

'စမနေကြ !'

'ဟေ့ရောင်မာန် မိတ်ဆက်ပေးအုံးလေကွာ'

' ဒါကျုပ်သူငယ်ချင်းတွေ သူက အောင်လင်းပိုင် သူကလွမ်းမင်းမောင် သူကစေခန့်ပိုင်  '

'ဟုတ်ကဲ့ '

သူ့သူငယ်ချင်းများမှာလည်း သူဠေးသားတွေမှန်းကြည့်လိုက်တာနှင့်သိသာစွာ အသားအနားများသားဖြစ်သည်။ အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့် နှင့်လူက အောင်လင်းပိုင်ဖြစ်ပြီး
ပိန်ပိန်ပါးပါးမျက်မျက်နှင့်လူက လွမ်းမင်းမောင် ဖြစ်သည်။နောက်ဆုံးတစ်ဦးကတော့ မျက်နှာအနည်းငယ်တည်ကာ ယောက်ျားဆန်ဆန် မျက်နှာကျရှိသည့် စေခန့်ပိုင် ပင်ဖြစ်သည်။ထိုသူ သုံးအယောက်အနက် ပထမဦးဆုံးတစ်ယောက် မာန်အား မိတ်ဆက်ဖို့ပြောသူဖြစ်ကာ မျက်နှာချိုသူလည်းဖြစ်သည်။

ManWhere stories live. Discover now