ep~12

350 8 0
                                    

       မာန်ကဧည့်ခန်းထဲသို့အရင်ဝင်သွားပြီး  သူ့အဖေနှင့်သူ့အမေကပါ ကလေးနဲ့အတူတူဧည့်ခန်းထဲသို့ဝင်သွားကြသည် မွန်းကသာဝင်ရမလိုလို မဝင်ရမလိုလိုနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိပါ မဂ်လာဆောင်တုန်းကတွေ့ဖူးပေမဲ့ မျက်နှာချင်းဆိုင်တရင်းတနှီးစကားမဆိုဖူးတာကြောင့်လဲပါမည် မွန်းအနည်းငယ်ရှိန်နေမိ၏။

  ' လာလေ ခင်ဗျားအဲ့မှာဘာရပ်လုပ်နေတာလဲ..'

   'အွန်းးလာ  လာပြီ.'

   မွန်းသူ့ခေါ်လို့အခန်းထဲဝင်သွားတော့သူ့ဘေးကိုလက်ဖြင့်ပုပ်ပြတာကြောင့်သူ့ဘေးမှာပင်ဝင်ထိုင်လိုက်သည်။
 
   'ဒါက ကျုပ်ရဲ့ ဒယ်ဒီနဲ့ မာမီ သေချာမိတ်မဆက်ပေးရသေးလို့ ..'

  'ဟုတ်ကဲ့..အန်ကယ်နဲ့အန်တီ သားကိုလိုအပ်တာရှိရင်ဆုံးမပေးကြပါဗျ..'

 'အေးကွာ လိုအပ်တာကတော ဖေကြီးတို့မေကြီးတို့ခေါ်ပေါ့ကွာ တစိမ်းဆန်တာကွာ..'

'ကဲပါရှင်ကလေးကိုသွားစမနေနဲ့သူခေါ်တတ်သလိုခေါ်ပါစေရှင်'

  'အာာ..မွန်းတောင်းပန်ပါတယ် ဘယ်လိုခေါ်ရမလဲမသိလို့ပါ ပြီးတော့ မာန်ခေါ်သလို ဒယ်ဒီမာမီတို့ကျမွန်းနှုတ်မကျိုးလို့ပါ..'

'ဟားဟားဟား   ဒယ်ဒီကစတာပါကွာ သားကြိုက်သလိုခေါ်ပါ..'

  'အဲ့ဒါဆို မွန်း ဖေကြီးနဲ့မေကြီးလို့ခေါ်လို့ရမလားဗျ'

  'ရပါတယ်ကွယ် သားအဆင်ပြေသလိုခေါ်ပါ..'

  မွန်းမှာဖေကြီးစစချင်း ပြောတုန်းကဆိုရင်တုန်သွားတာ မေကြီးထပြောမှစနေမှန်းသိလို့ စိတ်ပေါ့သွားတာဖြစ်သည်။ ဖေကြီးကတော့ပျော်ပျော်နေတတ်ပုံပေါ်ကာ မေကြီးကလည်း ကြည်လင်ရွှင်ပြ  သည်။အေးချမ်း၏ ဖေကြီးနဲ့မေကြီးကသိပ့်လိုက်ဖက်သည်။

  ' ဒယ်ဒီတို့နားတော့လေ ခုမှရောက်တာဆိုတော့...မာမီ ကလေးသူ့ကိုပေးလိုက် ဒီနေ့ကစ
ချီချီကို  သူ့ထိန်းပေးလိမ့်မယ်..''

  ' ရပါ့မလားသားရယ် သားချီလေးက တစိမ်းကြောက်တတ်တယ်လေသားရဲ့...'

  ဟုတ်ပါသည် သားချီလေးကငယ်စဥ်ထဲကပင် လူစိမ်းဆိုသူ့အနားကပ်သည်နှင့်ငိုသည်။လူစိမ်းဆိုကြောက်တတ်သည်။ဒါကြောင့် ကလေးထိန်းလူတောင် မထားခဲ့ရပဲ သူကိုယ်တိုင်ထိန်းနေရခြင်းဖြစ်သည်။

ManWhere stories live. Discover now