ဒေါက်.ဒေါက်.ဒေါက်
'ကျွီ'
တိတ်ဆိတ်နေသောအခန်းတွင်းတံခါးခေါက်သံများပျံ့လွင့်ထွက်ပေါ်လာသည်။
မာန် ကွန်ပျူတာကိုပိတ်ကာ
တံခါးအားဖွင့်လိုက်လျှင်ပင် မာန်ကိုမြင်သည်နှင့် သရဲမြင်သလို ကြောက်ပြနေသော ထိုအိမ်ကူ ကောင်မလေးအား ခပ်ပြတ်ပြတ်ပင်မေးလိုက်သည်။'ဘာကိစွရှိလို့လဲ'
'ဟို..ဟို အစ်ကိုလေးကို သခင်လေးချီ နိုးနေလို့ လာခေါ်ခိုင်းလို့ပါ'
'ဒါပဲလား'
'ဟုတ်'
'ပြန်လို့ရပြီ'
'ခန..နေအုန်း'
အခန်းရှေ့ကလှစ်ခနဲ ပြန်ပြေးတော့မည့်စဲစဲ သခင်းကြီးမာန် ခေါ်သံကြောင့် အေးမြ မှာတောင့်ခနဲ ပင်ဖြစ်သွားသည်။
' ဘာ.ဘာဖြစ်လို့လဲရှင်'
'နောက်တစ်ခါ ငါ့အမျိုးသားကို 'အစ်ကိုလေး'လို့ မခေါ်နဲ့ ကြားလား!'
'ဟုတ်...ဟုတ် သိပါပြီရှင့်'
'ဂျိမ်း'
အေးမြမှာ ခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ကာဖြေပြီးတာနဲ့ အောက်ထက်သို့ ခပ်သုပ်သုပ်ပင်ဆင်းပြေးခဲ့ရသည်။မဟုတ်လျှင် သခင်ကြီးမာန် ရဲ့ အကြည့်နဲ့တင် အေးမြ မတ်တပ် သေတော့မည်ဖြစ်သည်။
အောက်ထပ်သို့ရောက်ခါမှအသက်ကိုပုံမှန်ပြန်ရူူကာ ဆုံးဖြတ်ချက်ချလိုက်သည်က
*နောက်တစ်ခါ အစ်ကိုလေးမွန်းကို သခင်ကြီးမွန်းဟုသာ ပြောင်းခါ်ရန်ဖြစ်သည်။*
~~~~~~
မာန် အနည်းငယ်တင်းသွားသည်။အလကား သူများလင်ကို မျက်နှာချိုသွေးပြီး အသနားခံချင်နေကြတဲ့ဟာတွေ။သူလည်းတူတူပဲ အားနေသနားရတာနဲ့ အားနာရတာနဲ့.ထိုစဥ်ရေချိုးခန်းထဲက ထွက်လာတဲ့ ရေစက်လေးတွေတွဲခိုနေသော ခြေဖဝါး နီးရဲရဲလေးတစ်စုံ ထို့နောက် ဖြူဖွေးနေသောခြေသလုံးတစ်စုံရယ် ဆက်၍ဆက်၍ ကြည့်လျှင် ရေချိုးလာစမို့ စင်ကျယ်နေသော မျက်နှာသွင်ပြင်ရယ် နီရဲရဲ ခတ်နူမ်းဖူးဖူး တစ်စုံရယ် လည်ပင်းအောက်နားက နီရဲရဲ အကွက်တွေကြောင့် မာန် ရဲ့ အာဒံ သီးလေးမှာ အနည်းငယ်လူပ်ခတ်သွားရသည်။
YOU ARE READING
Man
FanfictionMan မာန်ဂုဏ်ရှိန်🖤 ငါ့အစ်မဘဝကိုဖျတ်ဆီးခဲ့တဲ့ မင်းအစ်ကိုကောမင်းအစ်ကိုသိပ့်ချစ်ရတဲ့မင်းရဲ့ဘဝကိုကော ကျုပ်ကပြန်လက်စားချေပြမယ်.... မွန်းရောင်ဖြာ❤️ ငါ့မင်းကိုအရမ်းမုန်းချင်တယ်ဆိုတာမင်းသိလား.... ဒြာရဲ့ပထမဆုံးficလေးမို့အားပေးကြပါအုန်းရှင့် ficမှာ🌚အမှ...