(အပိုင်း22)

7K 111 4
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း22)

အနမ်းတစ်နေကုန်ဘာမှမစားနိုင်ပဲ ရင်ခံနေသည်။
ဗိုက်ထဲမှာလည်းတစ်မျိုးကြီးဖြစ်နေပြီ နေမထိထိုင်မသာဖြစ်နေကာ အနမ်းအလိုလိုနေရင်းဝမ်းနည်းလာ၏။

ဗိုက်ကဆာလာပြန်တာကြောင့် မီးဖိုချောင်ထဲဝင်ကာနွားနို့နဲ့မုန့်စားဖို့ပြင်လိုက်သည်။

နွားနို့ကိုကြိုဖို့အိုးထဲလောင်းထည့်နေချိန်မှာပဲ နွားနို့အနံက အနမ်းရဲ့နှာခေါင်းထဲတိုးဝင်လာပြီး လူကရုတ်တစ်ရက်ထအန်ချင်လာမိသည်။

အနားကရေဘေစင်တစ်ခုဆီသွားပြီး

''ဝေါ့ အော့ အဟွတ် ဝေါ့ အဟွတ်အဟွတ်''

အနမ်းထအန်လိုက်မိကာ၊ သို့ပေမဲ့လေတွေသာအန်နေမိခြင်းသာ ဘာမှမထွက်လာ.... အနမ်းစိတ်ထဲစိုးရိမ်မိသွားသည်။

''ဟင့်အင်း မဖြစ်ရဘူး အဲ့လိုမဖြစ်ရဘူး''

အနမ်းခေါင်းကိုသာအသွင်သွင်ခါလိုက်မိသည်။

....

အနမ်းအခန်းထဲမှာလှဲနေစဥ်အိမ်ရှေ့မှသူမ နာမည်ကိုအော်ခေါ်နေသူတစ်ဦးကြောင့်အရှေ့သို့ထွက်လာခဲ့ကာ'ဝန'သူထပ်လာပြန်ပြီလား..

အနမ်း ဝနဆီသို့လျှောက်သွားလိုက်ပြီး

''ဘာလဲ''

ခပ်ပြတ်ပြတ်သာမေးလိုက်မိသည်။

''လွှာရယ် စိမ်းကားလိုက်တာ နင်နဲ့ငါနဲ့ကအဲ့လိုပြောရမဲ့သူတွေမှမဟုတ်တာ''

''တော်တော့ ဝန ဘာကိစ္စလဲ''

''ငါ့ကကိစ္စရှိမှနင့်ဆီလာရမှာလား''

''တော်ပြီ ငါနေမကောင်းဘူး နင်ကိစ္စမရှိရင်ပြန်တော့ဟာ''

''နေမကောင်းဘူးလား ဘာဖြစ်လို့လဲ..ဟင်''

အနမ်းလက်ဖဝါးနုနုကိုအသားဖမ်းဆုပ်လိုက်ပြီး နဖူးလေးကိုသူ့လက်နဲ့ပူ၊မပူစမ်းကြည့်နေသည်။

တစ်ချိန်ကသာဆိုအနမ်းဒါမျိုးတွေရင်ခုန်ကောင်း၊ရင်ခုန်နိုင်လိမ့်မယ် သို့ပေမဲ့ ခုတော့ဝနကိုသူ့ဘယ်လိုမှရင်မခုန်နိုင်တော့ဘာ...

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now