Part 1

2.4K 68 1
                                    

မောင့် ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း

အပိုင်း (၁)

    " မလုပ်ပါနဲ့....အဲ့လိုမလုပ်ပါနဲ့ ညီမလေး..လာပါကွာ...မမဘက်ပြန်လာခဲ့နော်"
"မလုပ်နဲ့........ညီမလေး....အားးးးးးးးး
       အားး.....ညီမလေးရယ်
    အိပ်မက်ဆိုးကနေ  လန့်နိုးလာတဲ့ .....ခင်မမမောင်...
ဒီအိပ်မက်ဆိုးကြီး.....အိမ်မက်သာဖြစ်လိုက်ပါတော့လားကွာ.....ဘာလို့များ..ဘာလို့များလဲကွာ
      
         မောင့်ရဲ့ တစ်ဉီးတည်းသောညီမလေးမှာမှ ဒီလို အဖြစ်ဆိုးမျိုးကြုံရတယ်လို့
ရက်စက်လိုက်တဲ့ကံကြမ္မာရယ်.......မောင့်အသက် ဆယ့်ခွန် ဆယ့်ရှစ်လောက်မှာပဲ ဖေဖေနဲ့မေမေဟာ ကား accident တစ်ခုနဲ့ ပွဲချင်းပီးဆုံးသွားခဲ့တာ ...အဲ့အချိန်တုန်းက ညီမလေးက ခုနှစ်နှစ် ရှစ်နှစ်သာသာ အရွယ်လေးရယ် .....
       မောင့်မှာလေ ...ဖေဖေနဲ့မေမေ ဆုံးသွားတာတောင် စိတ်ရှိတိုင်းငိုမရခဲ့ဘူး.....
ငယ်သေးတဲ့ တစ်ဉီးတည်းသောမိသားစုဝင် ညီမလေး ရဲ့ အားငယ်နေရှာတဲ့ ခိုကိုးရာမဲ့နေတဲ့မျက်ဝန်းလေးတွေကြောင့် ....မောင် အသံတိတ်ငိုကြွေးခဲ့ရတာ.....
         အသက်ကွာတဲ့ ညီမလေးကို စောင့်ရှောက်ရင်း....ဖေဖေမေမေတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို မနိုင်မနင်းနဲ့ မလုပ်ချင်လည်းပဲ ညီမလေးရှိသေးတယ်ဆိုတဲ့ စိတ်နဲ့ ရုန်းကန်ခဲ့ရတာလေကွာ။
အခုတော့........အခုတော့ .....
        
      မောင့်ရဲ့တစ်ဉီးတည်းသော မိသားစုဝင် ညီမလေးကိုမှကွာ.....လုပ်ရက်လိုက်ကြတာ

ညီမလေးရယ် ....ဘယ်လိုဖြေရမလဲ ဖေဖေနဲ့မေမေရေ မောင့်ကို ခွင့်လွတ်ပါ...မောင်စီးပွါးရေးနဲ့ ပိုက်ဆံရှာဖို့ကိုပဲ အာရုံစိုက်ခဲ့လို့ .....ညီမလေးအခုလိုဖြစ်ရတာ.....
    ညီမလေးရယ် .......ဘယ်လိုဖြေသိမ့်ရမလဲ ......
          
        ခွင့်မလွတ်ဘူး......ညီမလေးအခုလိုဖြစ်အောင်လုပ်တဲ့သူတွေကို ....မောင်ခွင့်မလွှတ်နိုင်
ဘူး။   လက်စားချေရမယ်.......ချေကိုချေရမယ် ....

      ဟုတ်တယ် ......အဲ့နည်းလမ်းကပဲ ...မောင့်ရဲ့ စိတ်တွေကိုဖြေသိမ့်နိုင်မှာ....
ညီမလေးအခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံအောင်လုပ်ခဲ့သူတွေ တစ်ယောက်မှမလွတ်စေရဘူး။
        ညီမလေးရဲ့ အခန်းထဲကနေ ....မောင်ယူလာခဲ့တဲ့ ....ညီမလေးရဲ့ နေ့စဉ်မှတ်တမ်း
    
       ညီမလေး ဘာလို့ ဒီလိုတွေကြုံခဲ့လဲဆိုတာ .....မောင်သိဖို့ လိုအပ်သည်။
စာအုပ်ကြားထဲ ထွက်လာတဲ့ ညီမလေးရဲ့ အပူပင်မရှိပြုံးရယ်နေတဲ့ပုံလေး
        ညီမလေးတစ်ယောက်တည်းတော့ ...မဟုတ်ခဲ့ပါ...
ညီမလေးပုခုံးကို ဖက်ထားတဲ့ ......လက်တစ်ဖက်ရဲ့ပိုင်ရှင်နဲ့
          Ok.....ဒီကောင်ကနေ စစုံစမ်းရမှာပေါ့......နေဉီး ဓာတ်ပုံရဲ့နောက်မှာရေးထားတဲ့
ညီမလေးရဲ့လက်ရေးဝိုင်းဝိုင်းလေး......ဘာတဲ့
           အသက်တမျှချစ်ရတဲ့ ကိုကိုနဲ့တဲ့.........ဟက်..ဟက်...ညီမလေးရေ
  ညီမလေးသိပ်ချစ်တဲ့ကောင်က ညီမလေးရဲ့နောက်ဆုံးခရီးတောင်ရောက်မလာခဲ့ဘူးရယ်
ညီမလေးနဲ့သူ့ရဲ့ပက်သက်မှုကိုတောင် လူတွေသိစေချင်ရဲ့လား....ကလေးရယ်
   ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ...လူတွေနဲ့သွားပက်သက်ခဲ့တာလဲ.....ဘာကြောင့် ဒီလိုမျိုးအဖြစ်အပျက်တွေ ဖြစ်လာခဲ့ရတာလဲ ....

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now