Part 2

1.2K 58 0
                                    

အပိုင်း (၂ )

    တဲအပြင်ဘက်ကနေ....ကိုနိုင်တို့လင်မယားနှစ်ယောက်ရဲ့ အသံကို ကြားလိုက်
     ရတော့မှ.......မောင့်ရဲ့လက်တွေက .....သတိလက်လွှတ်ဖြစ်ကာပျိုမဒီရဲ့ လည်ပင်းကိုအတင်းဖိညစ်ထားရာကနေ
  သတိဝင်လာသလို .....လွှတ်ချကာ...တဲအပြင်ဘက်ဆီသို့ ...
   ထွက်လာခဲ့တော့သည်။

        " ဘာမှ မဖြစ်ပါဘူး....မောင်အိပ်မက်မက်နေတာပါ
  ပြန်အိပ်ကြလေ....မိုးတောင်လင်းတော့မယ်....မနက်ကျရင် ကိုနိုင်က
မောင် ပြောထားတဲ့ အတိုင်း...မြို့ထဲဘက်သွားရဉီးမှာ မဟုတ်လား..
  ပြန်နားကြပါ ....မောင် မှာတာတွေ မမေ့ပါနဲ့ ...ကိုနိုင်"

  " ဟုတ်ကဲ့ပါ boss ...ကျွန်တော် boss မှာထားတာတွေ အကုန်မှတ်မိပါတယ်"

" ဟို...မငယ် ....မနက်ကျရင် မောင်ဝယ်ခိုင်းထားတဲ့ ဟာတွေ ...ဒီတဲကို ယူလာပေးပါ"

    " ဟုတ်ကဲ့ပါ...boss"
" သွားတော့ သွားတော့ "

    ကိုနိုင်တို့ လင်မယားနှစ်ယောက်ထွက်သွားတော့မှ ...မောင်လဲ တဲငယ်ထဲသို့
  ပြန်ဝင်လာကာ......
    " မင်းမအိပ်သေးဘူးလား......မနက်ကျရင် မင်းအလုပ်လုပ်ရမှာ ..အခုနားလို့ရတဲ့အချိန်မနားရင် မနက်ကျမှ ...နောင်တမရနဲ့နော်"

     မောင့်ကို မုန်းတီးရွံရှာ ကြောက်ရွံ့သလို မျက်နှာပေးနဲ့ ကြည့်နေတဲ့
ပျိုမဒီဆိုတဲ့မိန်းမကို ...သတိပေးစကားပြောကာ ခဏလောက်ပြန်အိပ်စက်ဖို့အတွက်
ကွပ်ပစ်ပေါ် လှဲချလိုက်သည်။
တော်သေးတယ်......ကိုနိုင်တို့ လင်မယားအချိန်မီရောက်လာလို့ရယ်
မဟုတ်ရင်...... မောင် ...လူသတ်မိနေလောက်ပီ ။
ဒီ အိပ်မက်ဆိုး.....ညီမလေးရဲ့အဖြစ်ဆိုးကြီး
ညီမလေး ဆုံးပီးထဲက တစ်ညလေးတောင် ....နှစ်နှစ်ခြိုက် အိပ်မရခဲ့ ။
မောင် အိပ်ပျော်သွားရင် သိပ်မကြာ ...မောင့်ရှေ့မှာ...မောင်တားနေတဲ့ကြားကနေ
ဆေးရုံရဲ့ အပေါ်ဆုံး ထပ်ကနေ ခုန်ချသွားခဲ့တဲ့ ညီမလေးရဲ့ ...အဖြစ်ဆိုးက
  အိပ်မက် အဖြစ်နဲ့ .....မောင့်ရဲ့ အိပ်စက်ခြင်းတွေကို ..ခြောက်လှန့်နေခဲ့ပီ။

ညီမလေးကို ...ဒီအဖြစ်မျိုးကိုရောက်အောင် တွန်းပို့ခဲ့တဲ့သူတွေကတော့
ဘာမှ မဖြစ်သလို.....ညီမလေးဘဝကို စုတ်ပြတ်သတ်အောင်လုပ်သွားတဲ့
ယုတ်မာတဲ့ သူတွေကို ပျော်ခွင့်မပေးနိုင်.....မောင်ဘယ်လောက်ထိနာကျင်နေရလဲ
ထပ်တူ ခံစား ရအောင် ....ဒီမိန်းမကိုခေါ်လာခဲ့ပေမယ့် ....မောင့်ရဲ့ အသိစိတ်တွေနဲ့
လက်စားချေချင်တဲ့ စိတ်တွေက လွန်ဆွဲနေတယ်ရယ် ......
ယုတ်မာတဲ့သူတွေ အတိုင်း...မောင် ယုတ်မာပစ်လိုက်လို့ရပေမယ့်လည်း....
  ဟားးး..........
                    အနည်းဆုံးတော့ .....ဟိုကောင့်ကို စိတ်ဒုက္ခပေးသင့်တာပေါ့
        မောင် ခံစားနေရတာ ဘယ်လိုဆိုတာ ဒင်းလဲ အနည်းငယ်လောက်တော့
သိသွားမှာပေါ့.......

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now