Part 16

1.2K 82 5
                                    

အပိုင်း (၁၆)

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ ချစ်ခြင်း

" ဘာ နင်ဘာပြောလိုက်တယ်"

သေစမ်း ....အားလုံး.....အကုန်ရူပ်ကုန်ပီ ဟာ......
စံထိပ်ထားဆိုတဲ့ ...သူမက သူတောင်းတဲ့ပိုက်ဆံပေးဖို့
ကိုယ့်မှာရှိတဲ့ ....ယောက်ခမနဲ့ယောင်းမရဲ့အသံဖိုင်ကိုအသုံးချပီးခင်မမမောင်ဆီက ပိုက်ဆံရအောင်တောင်းခဲ့တာတောင်မှ ...ဒင်းက ...ကိစ္စတွေကို ပိုရူပ်ထွေးအောင်လုပ်ပစ်လိုက်တယ်။
စိတ်ပျက်စရာကောင်.....
အခုတော့ ...သူမကိုပါပြန်ခြိမ်းခြောက်လိုက်သေး...
ဟား....ငါ ဘာလုပ်ရမလဲ ......အဲ့သုံးစားမရတဲ့ကောင်လုပ်တာနဲ့
ယောက်ခမတွေ ရဲ့ပိုင်ဆိုင်သမျှတွေ တစ်ပြားတစ်ချပ်မှမရပဲ
             ထောင်ထဲသွားရတော့မယ့် အဖြစ်

အဲ့လိုတော့အဖြစ်မခံနိုင်ပါ.....ဒီကောင့်ကို ရဲတွေ မဖမ်းမိခင် ....
ထိပ်ထား နဲ့ အရင်တွေ့မှဖြစ်တော့မည်။
           " ခဏစောင့်....ထပ်ပီးပြသနာ မရှာနဲ့တော့
ငါအဲ့နေရာကိုရောက်အောင်လာခဲ့မယ်"

စံထိပ်ထား အခုရောက်နေတာက ချစ်လှစွာသော ယောင်းမ ပျိုမဒီရဲ့
စေ့စပ်ပွဲ အကြို နှစ်ဖက်မိဘတွေ့ဆုံပွဲ ......
ဒီလိုမိသားစုပွဲမျိုးမှာ.....စံထိပ်ထားထထွက်သွားလို့မကောင်းပေမယ့်လည်း
တစ်ဖက်မှာက .......ပြသနာကြီးနေပီ ...
မတတ်နိုင်တောဘူးလေ....
စံထိပ်ထားရဲ့ယောက်ကထီးနဲ့.......ပျိုမဒီ လက်ထပ်ရမယ့် သတို့သားလောင်း
ဇော်ရဲ့ အဖေ နှစ်ယောက်သား စကားတွေကောင်းနေတဲ့အချိန်

ထိပ်ထားကိုဆို သံသယမရှိမျက်နှာသာပေးလွန်းတဲ့...ယောက်ခမအနားကပ်ကာ
စံထိပ်ထားမေမေ နေမကောင်းဖြစ်လို့ ....အရေးတစ်ကြီးနယ်ခဏပြန်
ရမယ့်အကြောင်းပြကာ.....နာမည်ကြီး Hotel တစ်ခုရဲ့ VIP room
ထဲကနေထွက်လာခဲ့လိုက်သည်။

သံသယမျက်ဝန်းတွေနဲ့လိုက်ကြည့်နေတဲ့ စံထိပ်ထားရဲ့ အမည်ခံယောက်ကျားနဲ့
သူ့အစ်မ ပျိုမဒီရဲ့ အကြည့်ကို မသိကျေးကျွန်ပြုကာ....
ဟုတ်တယ်လေ......သူတို့မောင်နှစ်မ ဘာတက်နိုင်မှာလဲ
သူတို့ရဲ့ နှစ်လုံးရောဂါသည် အမေ က ထိပ်ထားဖက်မှာရှိနေတာကို
ပီးတော့ ....ဟိုပြသနာရှာတတ်လွန်းတဲ့ကောင်
အဲ့ကောင်သာ...မရှိတော့ဘူးဆို ......ဘာသက်သေမှမရှိတော့

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now