Part 13

982 71 8
                                    

အပိုင်း (၁၃)

မောင့်ပျိုမဒီ (or ) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း

      တစ်ဖက်ကားပေါ်က ဆင်းလာတဲ့ သူက မောင်
ဘာဖြစ်ရပြန်တာလဲ ......
ပျိုကားပေါ်က မဆင်း....ကားတံခါးလည်း မဖွင့်ပဲ
ထိုင်နေတော့ ...ပျို့ကားမှန်ကို ...သူ့လက်တွေနဲ့ လာရိုက်နေတဲ့မောင်
ဘာလဲ .....ပျိုက သူ့အတွက် ဒေါသဖြေစရာ အရုပ်တရုပ်လား
ကားမှန်ကို လက်မနာတဲ့အတိုင်း အဆက်မပြတ်ရိုက်နေတဲ့ ...မောင်ကြောင့်
     
    
ပျိုတစ်ယောက် ကားပေါ်က မဆင်းချင်ပဲ ဆင်းလိုက်ရကာ ..
" ဘာလဲ ...ဘာဖြစ်ပြန်ပီလဲ ....မင်း..အ.."

ပျို့ဆီက စကားတောင်မဆုံးလိုက် ကားပေါ်ကနေဆင်းလာတဲ့ ပျို့ရဲ့ လက်တစ်ဖက်ကို
မောင်က စောင့်ဆွဲကာ.....တစ်ဖက်က သူ့ကားရှိရာသို့ ဆွဲခေါ်သွားတော့သည်။

"လာ ...လိုက်ခဲ့ ....မင်းရော မင်းမိသားစုရော ..မင်းရဲ့ချစ်လှစွာသောမောင်လေးရော
ငါ့ညီမ အပေါ်ပြောခဲ့သမျှတွေ ...အတွက် ပြန်ပေးဆပ်ရမယ်"

"အ...လွှတ် ..လွှတ် မောင်...နာတယ် ....လွှတ်လို့...."

" နာလား...ဟော့ဒီရင်ဘတ်ထဲမှာ ပိုနာတယ်ကွ ...မင်းတို့အားလုံးငါ့ညီမလေးအပေါ်
ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြောဆိုရအောင် ....မင်းတို့မိသားစုက ဘယ်လောက်ထိ
မြင့်မြတ်နေကြလို့လဲ ....ဟမ်..."

" ဘာတွေပြောနေတာလဲ ....ပျိုနားမလည်ဘူး...မောင်ရှင်တစ်ခုတော့သိထား ပျိုက ရှင့်ဒေါသထွက်တိုင်း
ရှင်စိတ်ဖြေသိမ့်စရာ ...ရှင်ပိုင်တဲ့အရုပ်မဟုတ်ဘူးဆိုတာ ရှင်မမေ့နဲ့ ...လွှတ်
ပျို့ကို အခုလွှတ် "

ပျို့လက်ကို အတင်းအကျတ်ဆွဲခေါ်ကာ မောင်က သူ့ကားထဲ ပျို့ကို
အတင်းအဓမ္မ ဆွဲထည့်ဖို့ လုပ်ဆောင်နေတာ ....
ပျိုက ...မောင့်ကို အလျော့မပေးပဲ ...အတင်းတွန်းထိုးရုန်းကန်နေတော့
သူ့ရဲ့ သန်မာတဲ့ လက်တွေနဲ့ ပျို့ရဲ့ ကိုယ်ကို အတင်းအကျတ်
ထိန်းချုပ်ကာ....ပျို့မျက်နှာ အနှံ့ ...အဓမ္မဆန်စွာ နမ်းရှိုက်လာတော့သည်။

မောင့်ရဲ့ အနိုင်ကျင့် စော်ကားလွန်းတဲ့ ...နှုတ်ခမ်းတွေကို
ပျိုတစ်ယောက် ခေါင်းဘယ်ညာရိမ်းကာ ရှောင်တိုင်းနေတော့ ...သူ့ရဲ့ ကြမ်းတမ်းလွန်းတဲ့ အနမ်းတွေက .......ပျို့ရဲ့ လည်တိုင်ဆီ ...ဉီးတည်ရာပြောင်းသွားခဲ့သည်။
ပီးတော့ ....မောင့်နှုတ်ဖျားက ထွက်လာတဲ့ စကားလုံးတိုင်းက
ရွံရှာ စက်ဆုတ်ဖွယ်ရာအတိ.....မုန်းတယ် ...မောင် ....ရှင့်ကို
အရမ်း မုန်းချင်တယ် ။

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now