Part 21

1.3K 90 6
                                    

အခန်း (၂၁)

မောင့်ပျိုမဒီ(or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း

         လက်ကြားထဲက သောက်လက်စဆေးလိပ်က မီးသေသွားပီ။
နှလုံးသားထဲက သူမအပေါ်ချစ်ချင်းတွေကတော့ ...ဆက်လက်ရှင်သန်ဆဲ
မီးရောင်စုံတွေကြား Singapore ရဲ့ညကနက်သထက် ပိုနက်လာခဲ့ပီ .....
Singapore marina bay မှာ မောင် ညနေဘက်တွေ
မကြာခဏလာထိုင်ဖြစ်သည်။

    တစ်ခါတစ်လေ ဆေးလိပ်ထိုင်သောက်ဖြစ်တယ်....
မောင် မှုတ်ထုပ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကြား
သတိရခြင်းတွေများ လွင့်ပါသွားမလားလို့
အခုတော့......မလျော့သွားတဲ့အပြင် ...ပိုပိုများလာတယ်ကွာ
နေ့ရက်တွေ တစ်နေ့ပီးတစ်နေ့ကူးပြောင်းသွားတယ်

ရက်မှလ လမှနှစ်ပြောင်းလည်း....
အသက်ရူလိုက်တိုင်း....မင်းကိုသတိရနေဆဲပဲ  ပျို
အလုပ်ပိတ်ရက်တွေ ..Singapore က
လမ်းတွေပေါ် မှာ ...မောင်တစ်ယောက်တည်း
လျှောက်သွားနေခဲ့တယ် ..

မကြာခဏသွားဖြစ်တာက Bugis Street ,Marinabay
Orchard Road ...
ဟိုက ဒီက အဆက်မပြတ်သွားလာနေကြတဲ့ ...
လူအများကြားထဲ ...မောင် လည်းလိုက်ပါစီးမျောကြည့်တယ်
ရင်ထဲက အလွမ်းတွေ ပြေလိုပြေညား...
ပျိုဆိုတဲ့ အမည်နာမနဲ့ မိန်းမတစ်ယောက်ကို မေ့လိုမေ့ငြား

Yangon မှာ ဘာတွေဖြစ်နေမလဲ ...
မောင် မသိ....သိလဲမသိချင်....ပျိုနဲ့ပက်သက်ပီး
မသိချင်တာတွေ မကြားချင်တာတွေ ကြားရမှာစိုးလို့
Yangon ရင်းနှီးတဲ့လူတွေနဲ့ရော ...သတင်းတွေကို အကုန်ကျောခိုင်း
နောက်ဆုံး.....Jame ခေါ်ထားတဲ့ph တွေ sms တွေ
Facebook ကစာတွေ တစ်ခုမှ ဖွင့်မကြည့်ခဲ့ .....

အန်ကယ်ချိုနဲ့ တစ်ခါတစ်လေ ph ပြောဖြစ်တဲ့အခါ
ပျိုနာမည်ပါလာတာနဲ့ မောင် အမြဲ စကားလမ်းကြောင်းလွှဲခဲ့တယ်
နောက်တော့ ....jame လဲ ph ထပ်မခေါ်sms မပို့တော့သလို
အန်ကယ်ချိုလဲ ...မောင်နဲ့phပြောရင် ...ပျို့နာမည်မပြောနဲ့
ပျိုနဲ့ပက်သက်တဲ့အကြောင်းအရာတောင် ပြောမလာခဲ့တော့

သူတို့ကထင်ကောင်းထင်လိမ့်မယ်.....ညီမလေးအမှုကြောင့်
မောင်က ပျိုတို့မိသားစုကိုရော ပျို့ကိုရော မုန်းနေလိမ့်မယ်လို့
တစ်ကယ်တော့လေ......မောင် လေ
မောင်.....ခံနိုင်ရည်မရှိလို့ပါ.....မောင်မဟုတ်တဲ့တစ်ခြားသူနဲ့
လက်ထပ်သွားတဲ့ ...ပျို ....
မောင်မဟုတ်တဲ့ တစ်ခြားရင်ခွင်မှာ ပျော်နေတယ်ဆိုတဲ့စကား

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now