Part 20

1.2K 87 6
                                    

အခန်း (၂၀)

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း

         မောင့်ရင်ခွင်ထဲမှာ ပျို အိပ်စက်နေတယ် ...
မောင်ချစ်ရတဲ့ မိန်းကလေး က မောင်နဲ့အတူရှိနေတယ်။
အဲ့ခံစားချက်လေးက .....ဘာနဲ့မှလဲမရ ....လဲ လည်း မလဲချင်ဘူး။
ပျို့ကို မောင်ချစ်တယ်ကွာ.....
                 အရမ်းချစ်တာပဲ ပျိုရယ်

အိပ်ပျော်နေဆဲ ဖြစ်တဲ့ ....ပျို့ရဲ့ မျက်နှာလေးကိုငေးကာ
ဖြစ်ပေါ်လာတဲ့ ချစ်တဲ့ စိတ်တို့က ...ထိန်းမရ..သိမ်းမရရယ်။
မနေ့ညက အချစ်လွန်ပီး ပင်ပန်းသွားလို့အိပ်ပျော်နေတဲ့
ချစ်သူလေး နိုးသွားမှာလည်း စိုးပါသည်။

ချစ်ရသူရဲ့ ပါးပြင်ပေါ် အနမ်းတစ်ပွင့်တင်ချင်ပေမယ့်
မောင့်ကြောင့် နိုးသွားမှာစိုးတာကြောင့် ...
အတွေးထဲမှာပဲ နမ်းလိုက်တယ် ပျို .....ပြွတ်...
Morning အရမ်းချစ်တယ်နော်...

အိပ်ပျော်နေတဲ့ ချစ်သူလေးအနားကနေ
ချစ်ရသူအတွက် မနက်စာ ပြင်ပေးဖို့ဖြည်းညင်းစွာ
နိုးထလိုက်သည်.....ပီးတော့
ရေချိုးခန်းရှိရာဆီ .....ညက  အားအင်ကုန်ခမ်းထားတာ
မနက်စာနဲ့ ...အားပြန်ဖြည့်ပေးရမယ်လေ

မနေ့ညက အချစ်ညကို ပြန်တွေးရင်း
မောင် ကြည်နူးရသည်
ဘာလို့ဆို ....ပျို့ရဲ့ တုန့်ပြန်အနမ်းတွေကြောင့်
ရေချိုးခန်းထဲ ကနေပြန်အထွက်မှာတော့

အိပ်ပျော်နေဆဲလို့ မောင်ထင်ထားခဲ့တဲ့ ချစ်ရတဲ့ ပျိုဟာ
အဝတ်အစား တွေ မြန်မြန်ဆန်ဆန်ပဲ ပြန်ဝတ်နေကာ
မောင့်ကို မြင်တော့ မျက်ရည်စက်တွေနဲ့
ရင်ခွင်ထဲ အတင်းဝင်လာတော့သည်။

" ဟင့် ..ဟင့်ဟင့်.."

" ပျို ...ဘာဖြစ်လို့လဲဟင်...ဘာလို့လဲ
ဘာလို့ငိုနေတာလဲ .."

" ဟင့်....မေမေ လေ ...မေမေ ရုတ်တရက် နှလုံးထဖောက်လို့
ဆေးရုံတင်လိုက်ရတယ်တဲ့ ..ဟင့်ဟင့်...မေမေ့ အခြေအနေ
မကောင်းဘူးတဲ့ မောင်ရယ်..ဟင့်ဟင့်"

" အရမ်းကြီးစိတ်ပူပါနဲ့ ...မောင် office ကဝန်ထမ်းတွေကို
Air ticket ချက်ချင်း ဖြတ်ခိုင်းလိုက်မယ် ...
မောင်လိုက်ပို့မယ်နော် ....မငိုပါနဲ့ ပျို..."

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now