Part 18

1K 84 2
                                    

အပိုင်း (၁၈)

လတ်ဆတ်တဲ့ ပင်လယ်လေကို ပြည့်ပြည့်ဝဝ ..ရူသွင်းလိုက်သည်။
ပျို့ စိတ်တွေမွန်းကြတ်နေတာ ......
ခဏလောက်ဖြစ်ဖြစ် ....
လွတ်လပ်ချင်ပါသည်။

တစ်သက်လုံးမိဘစကား နားထောင်ပီး သမီးအလိမ္မာလေး  လုပ်ခဲ့တဲ့
ပျိုမဒီ ......

ဒီတစ်ခါရော .....ပျို့ခံစားချက်တွေကို ....ဘေးဖယ်ပီး
မေမေနဲ့ဖေဖေ ဖြစ်စေချင်တဲ့
မဂ်လာပွဲ .....ဘာမှမဖြစ်သလို လက်ခံပေးလိုက်ရတော့မလား။
တဖြည်းဖြည်းနဲ့နီးကပ်လာတဲ့ မဂ်လာပွဲရယ် ...
ပိုပြီးတွေဝေလေးလံလာတဲ့ ....ပျို့ရဲ့စိတ်တွေရယ်

အတွေးထဲ ဝင်လာတဲ့ မောင့်ရဲ့အကြည့်တွေ
မေ့ပစ်လိုက်ဖို့ဆိုတာမသေချာတဲ့ ......
အဖြစ်အပျက်တွေ .....ဟားး
ချစ်နေတာကိုတောင်....ဝန်မခံနိုင်တဲ့ ဖွင့်မပြောနိုင်တဲ့သူတစ်ယောက်ဆီကနေ
အနာဂတ်အတွက် ....ဘာတွေများမျှော်လင့်နိုင်မှာလဲ ...ပျိုမဒီရယ်

ပျိုနေခဲ့တဲ့ နိုင်ငံမှာက ...လိင်တူချစ်ကြိုက်တာ လက်ထပ်တာက ...
အရမ်းကြီးထူးဆန်းနေတဲ့ ...ကိစ္စမဟုတ်တော့ပေမယ့် ...
ဒီနိုင်ငံမှာနေနေတဲ့ ဖေဖေနဲ့မေမေတို့ အတွက်ကတော့
သူတို့ရဲ့ သမီး ပျိုနဲ့ မောင်ရဲ့ ပက်သက်မှုကို ..
နားလည်လက်ခံပေးဖို့ဆိုတာက ......တကယ်ပါပဲ

ရှေ့ဆက်ရမယ့် မနက်ဖြန်တွေဟာ ပျို့အတွက် တစ်အားကို
မှောင်မိုက်လွန်းတယ်ကွယ် ..
သိပ်ချစ်လို့ပါဆိုပီး ...အရာရာကို ရင်ဆိုင်ရအောင်လည်း
တစ်ယောက်သောသူက ....ချစ်တယ်ဆိုတယ်တဲ့စကားလေးတောင်
ပျို့ကို ပြောဖို့အသင့်ဖြစ်မနေ ....

Y ရဲ့မိဘတွေ ပိုင်တဲ့ ကမ်းခြေ နားမှာ ဆောက်ထားတဲ့
အပန်းဖြေ အိမ်ရာထဲက ........အပန်းဖြေအိမ်တစ်ခုထဲမှာ ပျို အနားယူနေခဲ့တာရယ်။
ဆုံးဖြတ်ချက်တစ်ခုကိုလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့အတွက်ပေါ့
ပျို့ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ အဆုံးအဖြတ်လေ...
Yangon ပြန်ရောက်တာနဲ့ ....ဇော်နဲ့ မဂ်လာပွဲအတွက် ပြင်ဆင်ရတော့မှာ

ပင်လယ်နဲ့ ထိစပ်သလို ခံစားမှုမျိုးပေးနိုင်တဲ့ ...
အိမ်ဝန်းထဲမှာရှိတဲ့ရေကူးကန်နားမှာ ...ထိုင်နေခဲ့တဲ့ပျို ..
တဖြည်းဖြည်းနဲ့ ဝင်ရောက်ပျောက်ကွယ်တော့မယ့် ...နေလုံးနဲ့အတူ
အလင်းရောင်မဲ့ကာ ...အမှောင်ထုဟာ  မကြာခင်ကြီးစိုးလာတော့မှာဆိုတော့
ထိုင်နေရာက ထကာ .....အခန်းမီးများ ဖွင့်ဖို့အတွက်
အိမ်အတွင်းပိုင်းဆီ ...ဝင်လာခဲ့လိုက်သည်။

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now