Part 9

1.2K 77 3
                                    

အပိုင်း (၉)

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ ချစ်ခြင်း

" ဒါက ဘာသဘောလဲ .......ပြောစမ်း
မင်း...ပြောစမ်း ...ဟမ်...ငါ့ညီမသေတာမင်းတို့နဲ့မဆိုင်ရင်
ဘာလို့အဲ့ကောင်နဲ့ မင်းစကားထိုင်ပြောနေတာလဲ ..
မင်းက ...ဘာလဲ ...ဘယ်လိုမိန်းမမျိုးလဲ ...ပျိုမဒီ"

မောင့်ရဲ့ သူမလက်ကို ဆွဲလိုက်တဲ့အရှိန်က များသွားပီး ရင်ခွင်ထဲရောက်လာတဲ့
ပျို့ရဲ့ ခန္ဓာကိုယ်  .........ပခုံးနှစ်ဖက်ကို မောင်ရဲ့ လက်နှစ်ဖက်နဲ့ ဆွဲခါလှုပ်ရမ်းပီး
Bar ထဲမှာတုန်းက ထိန်းထားရတဲ့ ဒေါသတွေက ပေါက်ကွဲဖို့
အားယူနေပြီ။

" အ.....ငါ နာတယ်...မောင်...နင့်လက်တွေဖယ် "

" နာလား...နာတတ်လား...ဒီထက်ပိုပြီး မနာချင်ရင် မေးတာ အရင်ဖြေ ...အဲ့ကောင်နဲ့ ခင်ဗျားနဲ့က
ဘာတွေလဲ ...ပြော...မောင်လက်ခံနိုင်လောက်တဲ့အဖြေ ပေး...အခုပေး"

"ဘာလဲ ....မင်းကဘာမို့လို့လဲ ....ငါ့ဘာသာ ဘယ်သူနဲ့ပဲ စကားပြောနေ ..ပြောနေ
မင်းကို ပြောပြရအောင်...ဘာမို့လို့လဲ ....ပီးတော့ ဒီတစ်ယောက်နဲ့ စကားပြောတာနဲ့ပဲ
မင်းညီမ ရဲ့ကိစ္စက ငါတို့နဲ့ ဆိုင်သွားရောလား.....ဘယ်လိုအကြောင်းအရာကြောင့်လဲ
မင်းတစ်ခုပဲ ...သိထားရမှာက ...မင်းညီမဖြစ်တဲ့ကိစ္စက  ငါတို့မောင်နှစ်မ
နှစ်ယောက်လုံး နဲ့ လုံးဝ ပက်သက်မှုမရှိဘူး ဆိုတာပဲ.....သိပ်မကြာခင် မင်းဆီခိုင်လုံတဲ့
သက်သေတွေ ယူလာပြမယ် ...စောင့်နေလိုက်"

ပျို သူ့ရဲ့ အပြုအမူနဲ့ အပြောအဆိုတွေ ....တုံ့ပြန်ပြောဆိုပိး ..
ပျိုနဲ့ တအားနီးကပ်လွန်းတဲ့ သူ့ကို...အားကုန်တွန်းထုပ်ကာ..
ကားတံခါးဆွဲဖွင့် .....ကားစက်နှိုးကာ...သူနဲ့ ဝေးရာ
ပျို့ရဲ့ ...အိမ်ရှိရာဆီသို့ ။
စိတ်ပျက်တယ် ....လူကို သူပိုင်တဲ့အရုပ်များထင်နေလား..
တောထဲမှာသာ....မင်းပြောတာတွေလက်မခံချင်ပဲ လက်ခံခဲ့တာ
အခုက တောမဟုတ် ...တဲအိမ်ထဲမှာ မဟုတ်ဘူး
ပျို့ခြေထောက်တွေမှာ သံခြေခြင်း ခတ်မထားဘူး
ပျိုကဘာကြောင့် သူ့ကို ကြောက်နေရမှာလဲ ....

ပျို အမှားလုပ်ထားတာမဟုတ်ဘူးလေ
ဒါနဲ့လေ....သူက...ပျို့နောက်လိုက်နေတာလား
စိတ်ပျက်စရာပါ....ပုံစံကြည့်တော့ ...ထက်မြက်မယ့်ပုံနဲ့
ရှင် .....တရားခံနောက်လိုက်တာလွဲနေပီ ....မောင်ရေ

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now