Part 15

1.1K 80 8
                                    

အပိုင်း (၁၅)

မောင့်ပျိုမဒီ (or ) အမုန်းနဲ့ဖွဲ့သီတဲ့ ချစ်ခြင်း

   " မမလေး အောက်မှာ ဧည့်သည်ရောက်နေပါတယ် "

ဒီအချိန်ဘယ်က ဧည့်သည်လဲ
မနက်စောစောကလည်း အလုပ်မသွားခင် အန်ကယ်ချိုက
မောင့်အခန်းထိလာပီး ....ဖြစ်ခဲ့တဲ့ပြသနာတွေ နဲ့
ပက်သက်ပီး ......မမှာချင်တာသတိပေးတာထက်
ဆူစရာများစွာနဲ့ .....တရားနာထားရတာ
            အန်ကယ်ချို အမိန့်နဲ့ တပတ်တိတိ
ရုံးမတတ်ပဲ အိမ်မှာနားနေရမယ့် ......မောင်တစ်ယောက်
အိမ်အကူကလေးမလေးရဲ့ ....ဧည့်သည် ဆိုတဲ့ အခေါ်အဝေါ်အောက်
စဉ်းစားရခက်သွားသည်။
                ဘယ်သူလဲ .....မြတ်သက်ထားလား....အိမ်ကကလေးမတွေ
သက်ထားကို ဧည့်သည်လို့မသုံးနှုန်းပါ။

     ရုံးမှာ တစ်ခုခုလိုအပ်လို့ အန်ကယ်ချိုလွှတ်လိုက်တာလား....
အဲ့ဆိုလဲ ph တော့ကြိုဆက်မှာပဲလေ .....
          ခန့်မှန်းအတွေးများနဲ့ အောက်ထပ်မှာစောင့်နေမယ့် ဧည့်သည်ဆီ
မောင် ဆင်းလာလိုက်တော့သည်။

           အောက်ထပ်ရောက်တော့ .....ဧည့်ခန်းထဲမှာ တစ်ဉီးတစ်ယောက်မှရှိမနေ
အမ်....ပြန်သွားတာလား....ဘယ်သူလာတာလဲမေးရန်အတွက်
အိမ်အကူ အလုပ်သမားတွေရှိနေမယ်ထင်တဲ့ ထမင်းစားခန်းထဲ သို့
မောင်ဝင်လာလိုက်တော့သည်။
       
           ရုတ်တရက် မောင် မြင်လိုက်ရတဲ့ မြင်ကွင်းကို
မောင်မယုံနိုင် ......အိပ်မက်များမက်နေတာလား....
အိပ်မက် မဟုတ်ပါဘူးရယ် .....ဒါဆို အိမ်အကူကလေးမတွေပြောတဲ့
ဧည့်သည်ဆိုတာက ....

    " ဆင်းလာပီလား...လာထိုင်...
ပျိုတစ်ခါတည်း ထည့်ပေးထားခဲ့မယ် ....ပူနေတုန်းလေး စား
လိုက်နော် ....သူတို့ပြောတာ...မောင်အဖျားနည်းနည်းရှိနေသေးတယ်ဆို"

" ဘာလို့ဆေးရုံမှာ မနေပဲ အိမ်ဆင်းလာရတာလဲ ...ပျိုက
ဆေးရုံကို လိုက်သွားတာ....မောင်ကဆေးရုံကနေ ဆင်းသွားပီဆိုလို့
အဲ့ဒါ......အိမျကိုပဲ

မောင်ရဲ့ အိမ်သူသက်ထားတစ်ယောက်လို ....ပြောရရင်
မောင့်အိမ်သားတစ်ယောက်လို.....မောင်နေ့လည်စာစားဖို့ပြင်ဆင်ပေးနေတဲ့ ....ပျို
ဆေးရုံမှာ သတိရရခြင်း မြင်ချင်မိတဲ့ မျက်နှာလေး
ဒီရက်တွေမှာ မောင်အရမ်း လွမ်းနေခဲ့ရတဲ့ သူမရဲ့ အသံ
သူမရဲ့ ကိုယ်နွေးနွေးအိအိလေး.....

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now