Part 8

1.1K 80 4
                                    

အပိုင်း (၈)

မောင့်ပျိုမဒီ (or ) အမုန်းနဲ့ ဖွဲ့သီတဲ့ချစ်ခြင်း

မောင် မနက်ခင်းအိပ်ရာကနေနိုးထလာတော့.....မျက်ဝန်းတွေက...ဘေးနားမှာ
ရှိနေကျ ...တစ်ယောက်သောသူရဲ့နေရာကို အကြည့်အရင်ရောက်သည်။
အနားမှာ ဘယ်သူမှရှိမနေ.....သူမဘယ်ရောက်သွားတာလဲ

ဟား......မောင် Yangon အိမ်ပြန်ရောက်နေတာလေ....
Yangon အိမ်က မောင့်ရဲ့ အိပ်ခန်းထဲမှာရယ် ......
တောထဲက တဲ အိမ်ထဲမှာမဟုတ်........ပျို့နားမှာ အိပ်နေတာမဟုတ်။
မောင့်မျက်ဝန်းတွေက အကျင့်ပါနေတာရယ်.....
မိုးလင်းလာရင်တွေ့နေကျ ......ပျို့ရဲ့မျက်နှာ ...ပျို့ရဲ့လှုပ်ရှားမှု
ပျိုမှ အနားမှာ မရှိတော့ပဲရယ် ...
ဘေးနားက နာရီဆီ အကြည့်ရောက်တော့.... မနက်ရှစ်နာရီကျော်နေပီ။
ရုံးတက်ရမှာပဲ
မြန်မြန်လုပ်မှပဲ ......Company ရောက်တာနောက်ကျရင်
အန်ကယ်ချို နဲ့ တွေ့လိမ့်မယ်။

Company သွားဖို့ မြန်မြန်ပြင်ရတော့သည်။
ဒီနေ့ ....မင်းခန့်ညီတို့ Company က မောင်တို့ဆီ ကိုယ်စားလှယ်လာဖို့ရှိသည်။
ဖြစ်နိုင်ရင် ....ပျို့ကို လာစေချင်ပါသည်။
ပျိုနဲ့မတွေ့ရတာ....ရက်အနည်းငယ်ကြာနေပီရယ် ..
ဒီရက်ပိုင်းတွေ .....အိပ်မက်ဆိုးတွေနဲ့နိုးထစရာ မလိုတဲ့ မနက်ခင်းတွေနဲ့
နိုးထလာခဲ့တာ......နိုးလာရင် ပျိုဘေးနားမှာ အိပ်နေမလားပဲရှာမိနေတာ
ညီမလေးကို မေ့သွားတာ....ညီမလေးရဲ့ အဖြစ်ဆိုးကိုမေ့သွားတာမျိုးမဟုတ်ပေမယ့်
Yangon ကို ပြန်ရောက်ထဲက ....ခေါင်းထဲ ...ဒီအချိန် ပျို ..ဘာလုပ်နေမလဲ
ဘယ်နေရာမှာ ...ဘယ်သူနဲ့ရှိနေမလဲ ....
မစဉ်းစားလဲ အတွေးထဲရောက်လာတက်တဲ့ သူမပုံရိပ်
အမုန်းလား......သူတို့မောင်နှမကို မုန်းတဲ့အမုန်းကြောင့် မကြာခဏတွေးမိနေတာ
ဖြစ်မှာပါ။ဟင်း......မောင့်မှာလဲ အန်ကယ်ချိုစီစဉ်ပေးထားတဲ့
လက်တွဲဖော် ..ရှိနေပီးသားရယ် ................ပျိုမဒီကို မောင်မုန်းနေတာပါ
မုန်းလွန်းလို့ သူမအကြောင်း မကြာခဏတွေးမိနေတာပဲဖြစ်မည်။

။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။

" Boss.....Meeting စလို့ရပါပီ "

" ဟိုဘက် Company က လူတွေရော"

"Meeting room ထဲမှာ ...ရောက်နေပါပီ Boss "

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now