Part 4

1.2K 94 7
                                    

အပိုင်း (၄)

မောင့်ပျိုမဒီ (or)အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း

         အား...ကိုယ်တွေလက်တွေက နာလိုက်တာ...ပျို ဖျားနေပီနဲ့တူပါတယ်
   မေမေ......
         "မေမေ "

   အိပ်နေရာကနေ နာကျင်ကိုက်ခဲမှုတွေနဲ့ နိုးထလာတဲ့ ပျို
ပျို့ရဲ့ ခါးပေါ်ရောက်နေတဲ့ လက်တစ်ဖက် ...
ဘယ်သူလဲ ...ပျိုက Yangon အိမ်က ပျို့ရဲ့အိပ်ရာပေါ် မှာ မဟုတ်ဘူးလား..
ပျိုဘယ်ရောက်နေတာလဲ .....ပျိ့ကို ဖက်ထားတာက ဘယ်သူလဲ
သေပီ ...တစ်ညလုံး ပျိုနဲ့သူ ဒီပုံစံနဲ့ အိပ်နေခဲ့တာလား။
        
မောင်ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာကို မြင်တော့မှ ...ပျို့ရဲ့ စိတ်တွေနဲ့ ခန္ဓာက
ပစ္စုန်ပန်ကို ပြန်ရောက်သည်ရယ်.....
   ပျိုတောထဲမှာပဲ ရှိနေသေးသည်....ဘယ်တောလဲဆိုတာတောင် ပျိုသိမနေပါ။
              တစ်ညလုံးလည်း...သူနဲ့ အတူအိပ်နေခဲ့တာလား...

နာကျင်ကိုက်ခဲနေတဲ့ ဝေတနာကို ဂရုမစိုက်အား...ပျို့ခါးပေါ်ရောက်နေတဲ့ မောင့်ရဲ့ လက်ကိုဆွဲဖယ်ကာ...သူနဲ့အတူလဲလှောင်းနေတဲ့ ကွပ်ပစ်ပေါ်ကနေဆင်းဖို့..... ထထိုင်ဖို့အတွက်
အားယူလိုက်သည်။

        "ကျွတ် ....တစ်ညလုံးလဲ နှောင့်ယှက်ထားပီး......အခုလဲ အစောကြီးထတယ်ကွာ
...ဟားး....ပြစမ်း....ကိုယ်ပူနေသေးလား...ခဏနေရင်...မငယ်ကို ဆေးနဲ့ဆန်ပြုတ်ယူလာခိုင်းမယ်သောက်ထားလိုက်....ဒီနေ့ ဒီထဲကနေ ခြေတစ်လှမ်း လှမ်းဖို့မစဉ်းစားနဲ့
ပြောတာကြားလား.....အောက်မှာ ..ဆင်းမအိပ်နဲ့....ဒီမှာပဲ အိပ်နေ...မငယ်ကိုလွတ်လိုက်မယ်"

          ပျို့ကိုယ်ပေါ်မှာ  သူဝတ်ပေးထားတယ်ဆိုတာ ..သေချာနေတဲ့ သူ့ရဲ့ shirt အကျီလက်ရှည် ကို ပျို အခုမှသတိထားမိသည်ရယ် ။
         မှာချင်တာမှာပီးထွက်သွားတဲ့ ...မောင့်ရဲ့ ကျောပြင်ကို ...ပျို ဝမ်းနည်းစွာငေးကြည့်မိပါရဲ့
ဘယ်အချိန်ကျမှ ...ပျို့ကို လွတ်ပေးမှာလဲ ....ဒီနေရာမှာ ဘယ်လောက်ထိကြာကြာခေါ်ထားမှာလဲ .....အခုလိုနေမကောင်းဖြစ်နေတဲ့ အချိန်မှာ...မျက်ရည်မလွယ်တတ်တဲ့
      ပျိုတစ်ယောက် .....မျက်ဝန်းတွေ စိုစွတ်နေတာ ခဏခဏရယ်...
        သူ့စိတ် က ဘယ်တော့မှ ကျေနပ်နိုင်မှာလဲ .....သူ့ညီမရဲ့ အဖြစ်အပျက်ဆိုးက
ပျိုတို့ မိသားစုလုပ်တာမှ မဟုတ်တာရယ် ...ဖေဖေနဲ့မေမေ
         မောင်လေး....... ပျို ဘာဆက်လုပ်ရမလဲ ဟင်....ပျိုသူ့လက်ကနေထွက်ပြေးလို့ရပါ့မလား
တစ်သက်လုံး..ဒီလိုမျိုး သူ့ရဲ့ကျွန်တစ်ယောက်လို ....
အကျဉ်းသားတစ်ယောက်လို သံခြေကျင်းခတ်ထားလျက်နဲ့ ....နေနေရမှာလားဟင်
သူ့ကို ဘယ်လိုမျိုးနည်းနဲ့ရှင်းပြရမလဲ
       
          ပျိုတို့နဲ့ မသက်ဆိုင်တဲ့အကြောင်း ...ပျို့မိသားစု ပျို့ရဲ့ တစ်ဉီးတည်းသောမောင်လေးလုပ်တာ မဟုတ်တဲ့အကြောင်း....

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now