Part 11

1.1K 82 6
                                    

အပိုင်း (၁၁)

မောင့်ပျိုမဒီ (or ) အမုန်းနဲ့ ဖွဲ့သီတဲ့ချစ်ခြင်း

  " နင်သေချာလား "
"သေချာတာပေါ့ ....ဒါပေမယ့် ...ရလာမယ့် အမွေတွေအားလုံးထဲက
တစ်ဝက်ကို ငါ့ကိုပေးရမယ် "
" ဟား..ဟနင်ကသူ့မောင် Company ပိုင်ရှင်နဲ့ ယူထားပီးတာတောင် ..ငါ့ဆီက
တစ်ဝက်လိုချင်သေးတာလား "

" ဟဲ့ ....စကားတွေအများကြီးပြောမနေနဲ့ ...ငါအချိန်မရဘူး...နင်လက်ခံလား
လက်မခံဘူးလားပဲပြော....
ဒီလိုချောချောလှလှ ပညာတတ်
မျိုးရိုးကောင်း ...မိသားစုအစဉ်အဆက်အမွေတွေ အားလုံးကို ဆက်ခံရမယ့်
မိန်းကလေးမျိုးကို ရမှာလေ...နင်ဘာနစ်နာစရာရှိလို့လဲ "

မင်းခန့်ညီရဲ့ မိန်းမ ပျိုမဒီရဲ့ ယောင်းမဖြစ်သူက ....
ပျိုမဒီ...ဆိုတဲ့ သူမယောင်းမရဲ့အမွေတွေကို တစ်ဝက်လိုချင်နေသေးတယ်ဆိုပဲ...
ဟက် ..ဟက်....ဘယ်လို မိန်းမမျိုးပါလိမ့် .....
သူမယောင်းမ ...ချောချောလှလှ....သူဌေး သမီးလေးနုနုထွပ်ထွပ်လေးကိုလဲရ ...
အမွေတွေလည်းရမယ့် ...အခွင့်အရေးပဲကို....
ဘာကြောင့်များ...လက်လွတ်ခံ ရမှာလဲ ...
ဒီမိန်းမက....မလုပ်ရဲတာဘာမှမရှိတဲ့ ..မိန်းမမျိုးပဲ ...အေးလေ...ဒီလို ကိစ္စမျိုးမပြောနဲ့
မင်းခန့်ညီရဲ့ ချစ်သူကောင်မလေးကို ....ယုတ်မာလွန်းတဲ့နည်းနဲ့ ဖယ်ထုတ်ပီး
သူမ ယောက်ကျားဖြစ်အောင် ...အရယူထားတဲ့ ...မိန်းမပဲ ..
အတော်ကို ကြောက်စရာကောင်းတဲ့ မိန်းမ ....
မင်းခန့်ညီရဲ့ ကောင်မလေး ကိစ္စကို ...သူဉီးဆောင်ပီး အဲ့မိန်းမ ညွှန်ကြားချက်အတိုင်း
လိုက်လုပ်ပေးခဲ့တာ....အခုတော့ ....ရတဲ့ငွေနဲ့မတန်အောင်...ရဲတွေခြေရာခံလိုက်နေတာ
ခံနေရလို့......သူ့မှာ မနည်းလှည့်ပတ်ရှောင်ရှားနေရတာ

ဒါပေမယ့်လည်း.....ဟိုနေ့က ...bar မှာတွေ့ပီးထဲက အဲ့ချောချောလှလှ ..သူဌေးသမီးကို
မျက်စိကျသွားတော့လည်း ....ရဲတွေရဲ့ သံသယဝင်တာလဲလွတ် အမွေတွေအပုံလိုက်နဲ့
အချောအလှလေးကို ရအောင်.....တစ်ဝက်ဆိုလဲ တစ်ဝက်ပေါ့လေ...

" Ok.....ငါလက်ခံတယ် "

" သေချာရင် ....ဒီညပဲလှုပ်ရှားမယ်....ယောက်ခမ အဖွားကြီးက
သူ့ သမီးကို ....သူတို့ထက်ချမ်းသာတဲ့ သူဌေးသားနဲ့ပေးစားဖို့လုပ်နေတာ...
နင်သေချာ လုပ်ဖို့တော့လိုမယ်နော် "

မောင့်ပျိုမဒီ (or) အမုန်းနဲ့ဖွဲ့သီတဲ့ချစ်ခြင်း Where stories live. Discover now