2

2.6K 86 14
                                    

Unicode

"တေဇ မင်းဘာလို့နောက်ကျနေတာလဲ"

ဦးကြိုပြုပြီးမေးလာသည့် ဝဏ္ဏစကားကိုပြန်မဖြေခင် လက်ထဲကဆိုင်ကယ်သော့ကိုခုံပေါ်ပြစ်တင်ကာ အနားမှာရှိသည့်အရက်ခွက်အားအရင်ဆုံးကောက်သောက်လိုက်သည်။

"အဲ့တာငါ့ခွက်လေ!"

"နေစမ်းပါ!နည်းနည်းပါးပါးသောက်တော့ မင်းနှမပေးလိုက်ရမှာမို့လို့လား"

စိတ်ကြည်လာပုံမရတဲ့တေဇဆီကစကားကြောင့် အရက်ခွက်လုခံလိုက်ရသည့် ငရှိုင်းခမျာ မကျေနပ်လည်းပြန်ပြီးပါးစပ်ပိတ်လိုက်ရသည်။တေဇစိတ်မကြည်တဲ့အချိန်ဆိုရင် သွားထိလို့မရသည့်ဗုံးတလုံးလိုပင်။ခက်တာကလည်း တေဇက ၂၄နာရီမှာ၂၃နာရီလောက်က စိတ်မကြည်တတ်တာများသည်။

"ဘာတွေနှာကစ်လာတာလဲ လာတာလည်းနောက်ကျလို့"

"လမ်းမှာကွာ ဘွားတော်တစ်ယောက်ကို ဆိုင်ကယ်နဲ့ပွတ်မိသွားလို့"

"ဟမ်!တိုက်မိသေးလား"

"တိုက်မိလား မတိုက်မိဘူးလားတော့မသိဘူး လမ်းမပေါ်တော့ ငုတ်တုတ်ပဲ ဆေးဖိုးတွေဘာတွေနဲ့စောက်ဇယားမရှုပ်သွားတာပဲအေးတယ် သူ့ဘာသာသူ ငေးနေတာလေ ငါ့နေရာမှာကားသာဆို တကယ်တည်းလျှောပြီ"

မကျေနပ်သလိုလေသံမျိုးနှင့်အတူ ဆေးလိပ်တလိပ်ကို ပါးစပ်ဖျားမှာတေ့ပြီး မီးခြစ်ခြစ်ချလိုက်သည့်အသံက ဖျက်ကနဲ ထွက်လာကာ မှောင်ရိပ်ကျနေသောနေရာအတွင်း ခပ်သေးသေးလေးအနည်းငယ်လင်းသွားသည်။

"ဒါနဲ့ မင်းကိုဒီ့နေ့ဘာလို့ခေါ်လဲသိလား!"

"အကုန်ကြိုသိနေရအောင် ငါ*ိုးလား မင်းပြောမှသိမှပေါ့"

"ဟိုမှာကြည့်လိုက်!"

ဝဏ္ဏထံမှမေးဆတ်ပြမှုနဲ့အတူ တေဇအကြည့်တွေက ဝဏ္ဏစကားဦးတည်ရာဆီရောက်ရှိသွားခဲ့သည်။ခပ်လှမ်းလှမ်းမှသူတို့ဆီကိုလာနေသော မိန်းကလေးတသိုက်ကိုတွေ့တော့ တေဇမျက်ခုံးတွေပင့်တက်သွားပြီး ပါးစပ်မှာတေ့ထားသည့် ဆေးလိပ်ကိုလက်ချောင်းကြားညှပ်ယူလိုက်သည်။

MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]Where stories live. Discover now