Unicode
"ဒီတလောနင်နဲ့တေဇကိုသိပ်မတွေ့ဖြစ်ဘူးနော်..ဘာလဲ နင်တို့ပြဿနာဖြစ်ထားလို့လား"
ရတီ့ရဲ့အမေးကြောင့်ကော်ဖီကိုမွှေနေသည့်ဇွန်းပေါ်ကလွန်း၏လက်ချောင်းများမှာအကြောင်းပြချက်မရှိရပ်တန့်သွားခဲ့သည်။လွန်းကပြန်မဖြေသေးခင်စက္ကန့်ပိုင်းအတွင်းမှာပင် အမူအယာမပျက်သလို ဟန်ဆောင်လိုက်သည်။
"အဲ့လိုမရှိပါဘူး"
"ဘာလဲလွန်းရ..နင်တို့တွဲနေပြီမဟုတ်ဘူးလား"
ရတီ့ရဲ့ဒီတခေါက်အမေးစကားကလွန်းကိုအတော်လေးဖြေရခက်စေသည်။အတတ်နိုင်ဆုံးမရိပ်မိစေဖို့အတွက်လည်းပြန်ဖြေဖို့ခက်နေသည့်အဖြေက လွန်းကိုအတော်လေးထွက်ပေါက်ပိတ်စေတာပါ။
"ငါနဲ့တေဇနဲ့ကသူငယ်ချင်းတွေပါပဲ"
လွန်းရဲ့အားမပါတဲ့အဖြေစကားကြောင့်ရတီမျက်နှာကရှုံ့မဲ့သွားတာတွေ့လိုက်ရသည်။
"ဘာလဲဟ ဟိုတလောကပဲနင်တို့နှစ်ယောက်ကိုခဏခဏတွေ့နေတာကို ငါကနင်တို့တွဲနေပြီလို့တောင်ထင်နေတာ"
လွန်းတုံ့ပြန်လိုက်မိသည်ကအပြုံးဖြင့်သာဖြစ်သော်လည်းအသက်မပါဘဲအားလျော့လွန်းသည်။အားတင်းပြီးဟန်ဆောင်မှုအပြည့်နဲ့ပြုံးလိုက်ရသလိုမျိုးပင်။ဘယ်သူကပဲမြင်မြင် ဟန်ဆောင်ထားသည်ဆိုတာသိပ်ကိုသိသာလွန်းသည်။
"အခုထိသူကနင့်အပေါ်ဘာမှမပြောဘူးလား။အဲ့တာကတော့ မမိုက်ပါဘူးဟာ
အစကတော့အီနေပြီးတော့"လွန်းရင်ဘက်ထဲနည်းနည်းတော့အောင့်မျက်သွားသည်။ဝန်မခံချင်ပေမယ့်လည်း တေဇလုပ်ရပ်ခဲ့တဲ့အပြုအမူတွေက မိန်းကလေးဖြစ်တဲ့လွန်းကိုတန်းနိမ့်လိုက်သည့်သဘောမျိုးပင်။
ကိုယ့်ဘက်ရှိနေခဲ့ပြီထင်ခဲ့တာ..မဟုတ်ဘူးဆိုတဲ့အသိကိုအသေအချာသိလိုက်ရတော့လည်း လွန်းစိတ်ထဲရှက်မိစိတ်သာပိုရှိတော့သည်။
"ထားလိုက်ပါ..သူငယ်ချင်းဆိုတော့ အမြဲလိုလိုအတူတူတွေ့တတ်တာသဘာဝပါပဲ"
"မဟုတ်သေးဘူးနော် လွန်း!နင်ဒီအတိုင်းတော့လွှတ်မထားနဲ့"
လွန်းအကြည့်တို့က အလေးအနက်ဖြစ်နေသည့်ရတီ့ဆီတည့်တည့်ရောက်သွားခဲ့သည်။
YOU ARE READING
MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]
Romance'ဝေ..ခင်များပြောစမ်းပါ..ကျုပ်ကဒယ်ဒီ့ထက်ဘယ်နေရာများမသာတာရှိလဲ!'