4

2.5K 100 12
                                    

Unicode

"အဝေရယ် သက်တောင့်သက်သာထိုင်နေစမ်းပါ..ဒါတွေကကောင်မလေးတွေလုပ်ပါလိမ့်မယ်"

ဧည့်သည်တွေစားပြီးသွားသည့်ပန်းကန်များကိုကူညီသိမ်းဆည်းပေးနေသည့် သက်ဝေကို သီတာတစ်ယောက် အားနာသမှုဖြင့်ဆိုလိုက်မိသည်။သက်ဝေက သီတာ့ဘက်ကိုလှည့်ကြည့်လာပြီးမှ အပြုံးမမည်ဆိုရုံလေးပြုံးနေသည်။

"ရပါတယ်သီတာရယ် အပန်းကြီးတာမှမဟုတ်တာ"

အပန်းကြီးတာမဟုတ်ဘူးပြောပြော၊သီတာကတော့ အားနာရလွန်းလို့မျက်နှာတွေပူနေပြီ။တားမရသည့်သက်ဝေကြောင့်နောက်ဘေးမှာပန်းကန်တွေဆေးနေတဲ့ကောင်မလေးတွေကိုအမြန်ခေါ်ပြီးသက်ဝေလက်ထဲကပန်းကန်တွေကိုလွှဲပြောင်းယူခိုင်းလိုက်ရတော့သည်။

"ဧည့်သည်ပဲအဝေရယ်..ကူညီဖို့ခေါ်တာမှမဟုတ်တာ နင်ကလည်း။လာလာ"

သီတာက လိုက်ကူညီပေးနေသည့်သက်ဝေကိုအားနာနေသည့်သဖွယ်ဘာမှမလုပ်စေဖို့အတွက် အိမ်ဧည့်ခန်းထဲက စားပွဲဝိုင်းတွေဆီကိုသာသွက်သွက်ခေါ်ထုတ်လာခဲ့တော့သည်။

"မုန့်ဟင်းခါးတွေကဝေရမှာတွေရောရှိသေးလား"

"အင်း..အမျိုးတွေအိမ်နည်းနည်းစီပို့ပေးလိုက်ရင်တော့ ချက်ထားတာတွေကအကိုက်ပါပဲ"

"မနက်အာရုံဆွမ်းကပ်တုန်းကတော့ ဘုန်းဘုန်းတွေကဘုန်းပေးရအဆင်ပြေတယ်လို့ပြောနေသေးတယ်"

"ဒါကတော့ ငါကိုယ်တိုင်ချက်တာလေဟယ်"

သီတာက သူမမွေးနေ့မှာမို့ ပီတိတွေဝေဖြာနေသည့်အသံဖြင့်ဆိုနေတာကြောင့် သက်ဝေလည်းခပ်ပြုံးပြုံးနှင့်လက်ခံလိုက်သည်။

"ဟုတ်ပါပြီ"

"ဪ..ဒါနဲ့ဝဏ္ဏတို့မလာကြသေးဘူးလားစုစု"

သက်ဝေနဲ့စကားပြောနေရာကနေ အနီးနားမှာပန်းကန်တွေကူသိမ်းပေးနေသည့်ကလေးမလေးကိုလည်း ယခုမှသတိရဟန်နဲ့ဆိုနေတာမို့ စုစုလို့ခေါ်သည့်ကလေးမလေးမှာကပြာကယာနဲ့လှည့်ကြည့်လာသည်။

MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]Where stories live. Discover now