Unicode
"နှစ်တွေတောင်အတော်ကြာခဲ့ပြီနော် အသက်"
တိတ်ဆိတ်နေသောလေထုကိုဖြိုခွင်းလာသည့်စကားသံတစ်ခုကိုသက်ဝေချက်ချင်းမတုံ့ပြန်နိုင်သေး။လူခြေတိတ်လျက်ခြောက်ကပ်နေသောဆိုင်အတွင်းတွင်သက်ဝေခေတ္တလောက်နှုတ်ဆိတ်နေမိသည်။တုံ့ပြန်မှုတစ်ခုအတွက်အတွေးများနေတဲ့သက်ဝေက စိတ်ထဲအနည်ကျအောင်အချိန်ယူရသေးသည်။
"အင်း"
အကြာကြီးနေမှထွက်လာသည့်သက်ဝေစကားသံကတိုတောင်းရိုးရှင်းလျက်။စကားအများကြီးပြောမစရာမရှိတာတော့မဟုတ်ဘူး။ဒီ့အရင်ချိန်တွေမှာပြန်တွေ့ခဲ့ရင်ဆိုတဲ့စိတ်နဲ့စီခဲ့ဖူးတဲ့စကားလုံးတွေရှိတယ်။သို့ပေမယ့်မျှော်လင့်မထားတဲ့အချိန်မှာပြန်တွေ့ဆုံရတဲ့အခါ သက်ဝေအတွက်တိတ်ဆိတ်နေခြင်းကသာအကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မည်။
"ကိုယ်ကအသက်နဲ့ပြန်တောင်မတွေ့ရတော့ဘူးလို့ထင်နေတာ"
ရာဇလေသံမှာပျော့ပြောင်းလျက်။လွန်ခဲ့တဲ့အနှစ်၂၀ကျော်ကိုတဖန်ပြန်ရောက်သွားသလိုခံစားချက်မျိုးခံစားရစေသည့်အသံဟာယခုထိတိုင်မပြောင်းလဲခဲ့။
"ဒီအတောအတွင်း.....အသက်အဆင်ပြေရဲ့လား"
မပြေဘူးလို့ပြောလို့မှမရဘဲ။အဆင်ပြေအောင်နေခဲ့ရတာတွေကြီးပဲ။သက်ဝေခပ်လျော့လျော့လေးပဲပြုံးမိပါသည်။
"အဆင်ပြေပါတယ်...အကိုရော"
အဆုံးသတ်မှာမှတန်ပြန်အမေးထုတ်လာသည့်အပေါ်ရာဇတုံ့ပြန်မှုမှာအနည်းငယ်အံ့ဩသွားသည့်ပုံပေါက်သည်။
ပြန်ဖြေမယ့်စကားလုံးများအတွက်အားယူလိုက်တဲ့ပုံစံထဲတွင် တက်ကြွခြင်းများကင်းမဲ့နေသည်။"အသက်သိတဲ့အတိုင်းပဲ ကိုယ်...ကိုယ်အိမ်ထောင်ကျခဲ့တာ သားလေးတစ်ယောက်ရောရခဲ့တယ်"
ဟုတ်ပါသည်လေ။တချိန်တုန်းကသက်ဝေအကွယ်ကနေခိုးပြီးသွားကြည့်ခဲ့ဖူးသည့်မင်္ဂလာပွဲလေးကိုပြန်အမှတ်ရမိသည်။အဲ့တုန်းကဆို သက်ဝေမျက်ရည်တွေကျနေခဲ့တာ။၁ပတ်လောက်ထိမည်သူနဲ့မှဆက်သွယ်မပြောဆိုဘဲနေနေခဲ့တဲ့သက်ဝေ..အခုတော့လည်းအရာရာတိုင်းကပုံမှန်လိုပါပဲ။
YOU ARE READING
MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]
Romance'ဝေ..ခင်များပြောစမ်းပါ..ကျုပ်ကဒယ်ဒီ့ထက်ဘယ်နေရာများမသာတာရှိလဲ!'