Unicode
"ကိုရာဇကနင်နဲ့ဘယ်လိုလုပ်အတူတူရှိနေကြတာလဲ"
သက်ဝေမှာသီတာ့ထံကနေထိုသို့အမေးမျိုးထုတ်လာတော့မှာကိုသိတာမို့လမ်းမှာကတည်းက ဖြေဖို့အဖြေကိုအကြိတ်အနယ်စဉ်းစားနေခဲ့တာဖြစ်သည်။ငြင်းခွင့်တောင်မရှိလိုက်တာမို့ သီတာ့ဆီအလာမှာအတူတူပါလာတဲ့ရာဇကိုမြင်တော့ သီတာ့အမူအယာကအတော်လေးအံဩနေတဲ့ပုံပါပဲ။ယခုပဲကြည့် သက်ဝေရောက်လို့ထိုင်ကာစပင်ရှိသေး အမေးထုတ်လာသည်မှာအတော်လေးလျင်မြန်နေသည်။
"အဝေ..နင်တို့နှစ်ယောက်..."
"အဲ့လိုမဟုတ်ပါဘူး သီတာရဲ့ ပြောရရင်နည်းနည်းရှုပ်တယ်"
သီတာ့ဆီလာကာမှ ရာဇကဘေးကနေပါလာခဲ့လေခြင်းဆိုတော့ရှင်းပြဖို့ရာအတွက်ကအတော်လေးရှုပ်ထွေးမည်။သက်ဝေတို့အကြောင်းကိုသိခဲ့သူသီတာကလည်း ယခုကိစ္စကိုတော်တော်လေးစိတ်ဝင်စားအံဩနေခဲ့တဲ့ပုံပါပဲ။အံဩရင်လည်းအံဩစရာပင်။သက်ဝေအနားမှာရာဇကိုမတွေ့ခဲ့တာ အချိန်အတော်လေးကြာနေပြီမဟုတ်ပါလား။
"ရှုပ်ရင်လည်းရှုပ်ပါစေ
အဝေ ငါ့ကိုသေချာရှင်းပြတော့"သက်ဝေမှာတော့ လက်မလျော့တဲ့သီတာကြောင့်သက်ပြင်းကိုသာယောင်ယောင်လေးချမိသည်။
"အဲ့တာက အကိုနဲ့ဟိုတခေါက်စျေးဝယ်စင်တာသွားကတည်းကမတော်တဆတွေ့ခဲ့တာပါ ပြန်တွေ့တော့လည်းဒီတိုင်းထွက်သွားလို့မကောင်းတော့စကားနည်းနည်းလောက်ပဲပြောဖြစ်ခဲ့ကြတာပဲ အခုတစ်ခေါက်ကလည်း ဒီကိုလာရင်းနဲ့ အမှတ်မထင်ဆုံတော့ လိုက်ပို့ချင်တယ်ဆိုလို့ပါလာတာပါသီတာရယ်တခြားဘာမှမရှိဘူး"
သီတာကတော့ သက်ဝေစကားကိုနားထောင်ပြီးပြီးချင်းသက်ဝေကိုမယုံသလိုပင်ကြည့်နေခဲ့သေးသည်။
"ဟုတ်ရဲ့လား အဝေရယ်"
"ကဲ!ဟုတ်ပါတယ်ဆို"
"အဲ့တော့ နင်တို့ဘာတွေပြောခဲ့ကြလဲ
ငါ့အထင်သာမန်လောက်ပဲတော့မဟုတ်ဘူးထင်တယ်"
YOU ARE READING
MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]
Romance'ဝေ..ခင်များပြောစမ်းပါ..ကျုပ်ကဒယ်ဒီ့ထက်ဘယ်နေရာများမသာတာရှိလဲ!'