17

2K 172 46
                                    

Unicode

"တေဇ"

ဆိုင်ကယ်ပေါ်ခွလျက်သားအနေအထားဖြင့်လီဗာကိုဆွဲတင်လျက်ထွက်ခွါတော့မည်ပြင်နေသောတေဇမှာအသံလာရာဆီခေါင်းစောင်းလျက်ကြည့်လိုက်သည်။'ဘာလဲ'ဆိုသည့်သဘောဖြင့်ဆိုင်ကယ်ဦးထုပ်အောက်ကနေမေးဆတ်ပြတော့ လွန်း မှာရှက်ကိုးရှက်ကန်းအမူအယာဖြင့်အနားကိုရောက်လာသည်။

"တေဇ ပြန်တော့မလို့လား"

"သွားချင်ရာသွားမှာ"

အမေးနဲ့အဖြေကအဆီလျော်မတည့်။ပြန်ဖြေလာပုံကစိတ်မရှည်သလိုဘောက်ဆတ်ဆတ်နိုင်ပေမယ့်လွန်းကသတိမထားမိတဲ့ပုံဖြင့်ဆက်ပြောလာသည်။

"လွန်းကိုအိမ်ပြန်လိုက်ပို့ပေးလို့ရမလား"

"ခါတိုင်းဘာနဲ့ပြန်တာလဲ"

"ခါတိုင်းကတော့သူငယ်ချင်းကားနဲ့ဆိုပေမယ့်ဒီနေ့သူမရှိတော့ လွန်းပြန်ဖို့ရာအခက်တွေ့နေလို့ တေဇကိုအကူအညီတောင်းကြည့်တာပါ"

တေဇသွားနေကြbar နဲ့လွန်းခက်နဒီagency ကကပ်ရပ်ရှိနေတာကိုကအတော်လေးစိတ်ပျက်ဖွယ်ရာတိုက်ဆိုင်မှုမျိုးပါပဲ။မသိသလိုလစ်ထွက်လိုက်ဖို့ဆိုတာကလည်းဒီ့အရင်ကအထာတွေထိုးသုံးခဲ့တဲ့တေဇမှာအခုတော့လက်လွန်သွားသည့်အနေအထားရှိသည်။

တူမကိုကြံခဲ့ပေမယ့်အဒေါ်ဆီမှာတေဇပြိုကျသွားတာတော့မတတ်နိုင်ပေ။မဟုတ်လည်း မျက်နှာလေးမြင်ရဖို့အကြောင်းပြချက်မို့ တေဇကိုယ့်အကြံအစည်နဲ့ကိုယ်လက်ခံလိုက်သည်။

"တက်!လိုက်ပို့မယ်"

လွန်းမျက်နှာမှာဟန်မဆောင်နိုင်လောက်အောင်ရွှင်ပျပျဖြစ်သွားသည်။သေချာtrainထားသောပိန်သွယ်သွယ်body၏အလေးချိန်က ဆိုင်ကယ်နောက်မှာအနည်းငယ်ပိုလာပေမယ့် တေဇဆီမှာစိတ်ဝင်စားမှုမရှိ။

လီဗာကိုအသားကုန်ဆွဲပြီးအရှိန်တင်မောင်းလိုက်တော့ ဖြတ်တိုက်သွားသည့်လေနုအေးနှင့်အတူသွယ်လျလျလက်ချောင်းများကတေဇခါးတစ်ဝိုက်ရစ်ပတ်လာသည်။

ကျောပြင်ပေါ်ပိကျလာသည့်ခန္ဓာကိုယ်ဆီကအသားစိုင်အထိအတွေ့များကိုခံစားလိုက်ရတော့ အထာနက်နေတဲ့တေဇမှာဘာသဘောလဲဆိုတာသိသည်။ရှောင်ဖယ်မရတဲ့အနေအထားမို့ တေဇမှာတုန့်ပြန်မှုကင်းကင်းနဲ့နေနေရတော့သည်။

MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]Where stories live. Discover now