Unicode
"ခြေထောက်ကကျိုးသွားတာလား"
သက်ဝေခြေထောက်ကိုမေးဆတ်ပြပြီးမေးလိုက်တော့ စစ်ဆေးနေသည့်ဆရာဝန်က အို့တို့အန်းတန်းဖြစ်သွားသည်။
"အရိုးကမကျိူးပါဘူး အဆစ်ယောင်သွားရုံပဲ ဒီ့ထက်အရင်မှာလည်းဒဏ်ရာဖြစ်ထားဖူးသေးတယ်မလား"
သက်ဝေ ခြေချင်းဝတ်ကိုကိုင်ကာဟိုလှည့်ဒီလှည့်လုပ်ရင်းမေးနေသည့်ကြားမှနာကျင်သွားသည့်မို့ သက်ဝေမျက်နှာမဲ့သွားသည်။
"ဟိုတနေ့ကတော့ အကြောထုံးသေးသလိုဖြစ်သွားသေးတယ်ဆရာ"
"အဲ့တာကြောင့်မို့ထင်တယ် နဂိုဒဏ်ရာနဲ့ဆိုတော့ပိုဆိုးသွားတာ စိတ်ပူစရာတော့မရှိပါဘူး ဆေးပေးလိုက်မယ် ပုံမှန်လေးမှန်မှန်လိမ်းပေးပြီး ဆေးလုံပြီးအာနိသင်ပြအောင်ပက်တီးလေးနဲ့စည်းပေးထားရင်တော့မြန်မြန်ပျောက်နိုင်တယ်"
အသားအဖွေးကြီးမဟုတ်ဘဲ ညိုစိမ့်စိမ့်အသားအရေပေါ်မှာ ဒဏ်ရာကခရမ်းရောင်သန်းလုလုယောင်ကိုင်းနေသည်။ခြေမဖိုးတွေပင် အနည်းငယ်ဖောင်းအိနေသလို။တေဇက စိတ်မပါသလို နံဘေးကနေရပ်ကြည့်နေပြီးမှ မေးလိုက်သည်။
"ဆေးကကောင်တာမှာထုတ်ရမှာလား!"
"ကောင်တာမှာလည်းရောင်းပါတယ်"
ပြန်မဖြေတော့ဘဲ သက်ပြင်းချပြီးစစ်ဆေးနေသည့်အခန်းထဲကထွက်သွားတာမို့ သက်ဝေပဲမဆီမဆိုင် ဆရာဝန်ဖြစ်သူအားအားနာစွာပင်ရယ်ပြလိုက်မိသည်။
လူနာကုတင်ပေါ်ကဆင်းကာ စစ်ဆေးသည့်အခန်းထဲကနေထွက်လာတော့ ဆေးထုတ်က သက်ဝေရှိရာတည့်တည့်ဆီပျံသန်းလာတာမို့ အမိအရဖမ်းထားလိုက်သည်။
"ဆေးဖိုးရှင်းလိုက်ပြီ ခင်များပြန်ချင်ရာပြန်တော့!"
လှမ်းပစ်လိုက်သည့် လိမ်းဆေးများပါသည့်အထုတ်ကိုဖမ်းပိုက်ရင်းမှ သက်ဝေအယောင်ယောင်နနခေါင်းညိတ်ပြလိုက်မိသည်။
"ကျေးဇူးပါ သားလေး"
ထွက်ခွါသွားတော့မည့်တေဇခြေလှမ်းများက တုံ့ဆိုင်းသွားပြီး ကျစ်စုတ်သတ်သံကြားလိုက်ရကာ သက်ဝေရှိရာဆီအနောက်သို့ ပြန်လှည့်လာသည်။
YOU ARE READING
MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]
Romance'ဝေ..ခင်များပြောစမ်းပါ..ကျုပ်ကဒယ်ဒီ့ထက်ဘယ်နေရာများမသာတာရှိလဲ!'