5

2.8K 99 32
                                    

Unicode

*ဒီ....ဒီ*

ထွက်ပေါ်လာသည့် message noti ဝင်လာသည့်အသံနောက် ဖုန်းတုန်ခါမှုကြောင့် လက်ထဲကလိပ်လက်စ စိုထိုင်းထိုင်းအရွက်ခြောက်ငယ်များပါသည့် စက္ကူလိပ်ကိုလေမလွင့်သွားစေရန် ဆေးလိပ်ပြာခွက်ဖြင့်သေချာဖိထားလိုက်သည်။

နောက်ဆုံးထွက်အသစ်စက်စက် ဖုန်းscreen ပေါ်မှာပေါ်နေသည့် ဝဏ္ဏဆီကတည့်တည့်လာသည့်စာတိုစာစောင်တွင် ပုံတပုံနှင့်အတူမက်ဆေ့တကြောင်းပါသည်။

'အရေးပေါ်ငါ့ကောင်!မအေဘေးရှိုင်းထွဋ်ကွဲလာတယ်'

ဗန်ဒါစေ့ဆံမျက်ဝန်းများက ထိုစာစောင်ကိုအပြီးသတ်ဖတ်ပြီးမှာပင် ထပ်မံ၍အကြည့်များက ဝဏ္ဏပို့လိုက်သည့်ဓာတ်ပုံဆီရောက်သွားသည်။Club တစ်ခုကအခန်းထဲမှာ အရက်ပုလင်းတွေကြား ပုံပျက်ပန်းပျက်ခေါင်းစိုက်နေသည့် ရှိုင်းထွဋ်(ငရှိုင်း)ပုံစံကိုကြည့်ရင်း တေဇမျက်ခုံးတန်းများကျုံ့သွားသည်။

'အဲ့ကောင် ဆေးကွဲနေတာလား'

လက်ချောင်းရှည်များကို screen ပေါ်က keyboard ပေါ်တွင် အလျင်အမြန်ရိုက်ရင်းပို့လိုက်သည့်စာစောင်နောက် ဝဏ္ဏထံမှချက်ချင်းပင် ပြန်စာရောက်လာသည်။

'ဆေးကွဲတာထက်ဆိုးတယ် မင်းကိုယ်တိုင်သာလာကြည့်တော့ကွာ ဒီကောင်မရှုနိုင်မကယ်နိုင်ဖြစ်နေပြီ'

အတည်ပေါက်ကြီး ကိုယ့်ကိုလိုနေတဲ့အနေအထားမျိုးမို့ တေဇ ဖုန်းscreen ကိုပဲပြန်ကြည့်လိုက်သည်။

'လိပ်စာပို့'

ချက်ချင်းပင် chat conversation ထဲကျရောက်လာသည့် GPS link ကိုဝင်ကြည့်ပြီးနောက် တေဇဖုန်းကိုပိတ်ချလိုက်သည်။စားပွဲပေါ်က အသင့်ဖြစ်ကာနီး လိပ်လက်စဆေးရွက်ခြောက်ကိုတော့ အပိတ်ပါသည့် သံဗူးရှည်လေးထဲထည့်သိမ်းကာ ကိုယ်တိုင်ကတော့ ဘော်ဒါအကန့်အတွက် ဆိုင်ကယ်သော့ကိုဆွဲကာ အိမ်အောက်ကိုဆင်းလာခဲ့တော့သည်။

အိမ်တွင်းအောင်းပြီးငြိမ့်မည်ဆိုသည့်အစီအစဉ်ပျက်သွားပေမယ့် စိတ်ပျက်လက်ပျက်ဖြစ်မနေတော့ဘဲ ဖိနပ်စင်ပေါ်က စီးနေကျ ဖိနပ်ကိုသာ ထုတ်ယူစီးလိုက်သည်။အချိန်ကိုက်ကံမကောင်းမှုပင်ဖြစ်လိမ့်မလား။အိမ်ရှေ့စင်ဝင်အောက်သို့ထိုးဝင်လာသော ကားတစ်စီးကိုမြင်လိုက်သည့်တေဇမျက်ဝန်းတွေကထိုအခါမှသာ စိတ်ပျက်မှုတို့ကြီးစိုးသွားခဲ့တော့သည်။

MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]Where stories live. Discover now