8

2K 114 54
                                    

Unicode

နံနက်မိုးသောက်၏အေးချမ်းမှုသည်ရှုသွင်းလိုက်သောနှာဖျားဝမှတဆင့်ရင်ဘက်ထဲထိစိမ့်ဝင်အေးချမ်းသွားခဲ့သည်။နေရောင်ဖျော့ဖျော့လေးသည်မြေပြင်ပေါ်တွင်ဖြာကျလျက် တိတ်ဆိတ်ဆေးချမ်းသောဘုန်းကြီးကျောင်းအတွင်းတွင်သာသာယာယာရှိလှသည်။

ရွတ်ဖတ်ပူဇော်သံများကလေနှင့်အတူ ကျောင်းဝန်းအတွင်းလွင့်ပျံလျက် သစ်ရွက်များအချင်းချင်းပွတ်တိုက်သွားသည့်အသံကအစနှလုံးအိမ်ကိုငြိမ်းချမ်းစေသည်။

လှုပ်ရှားသွားလာနေကြသောကျောင်းဝန်းအတွင်းမှလူတစ်စုသည် ဥပုသ်သီလယူရန်အခါတော်သင့်ရောက်လာကြသူများဖြစ်သည်။သက်ဝေသည်လည်းအပါအဝင်ပင်ဖြစ်သည်။

နံနက်စောစောမှာခံစားရသည့်ဆိတ်ငြိမ်အေးချမ်းမှုက တကိုယ်လုံးကိုတိုက်စားလျက်။မနက်စောစောရောင်နီမထွက်ခင်ထချက်ပြုတ်ခဲ့သည့်ဆွမ်းဟင်းများက သက်ဝေလက်ထဲကချိုင့်ထဲတွင်ကပ်လှူရန်အတွက်အသင့်ပါသည်။

ချိုင့်ကိုတော့ကျောင်းကပ္ပိယဆီလွှဲပေးရင်း သက်ဝေကတော့သီလမယူသေးခင် ဘုန်းကြီးကျောင်းဝန်းတလျှောက်စိတ်လိုလက်ရလမ်းပတ်လျှောက်နေလိုက်သည်။ခြေထောက်ကအကောင်းကြီးမဖြစ်သေးသော်ငြားလမ်းလျှောက်၍တော့ရပါသည်။

အကျယ်အဝန်းကောင်းသောကျောင်းဝန်းသည်သစ်ပင်အရိပ်လည်းများ၍တော်ရုံတန်ရုံမပူ။တိုက်ခတ်သည့်လေကအစအေးသည်မို့ ငြိမ်းချမ်းလွန်းသည်။

"သက်ဝေ?"

ယောကျာ်းတစ်ယောက်၏ခေါ်သံသည်သက်ဝေအနောက်ဘက်ကနေထွက်လာသည့်အခါလှမ်းနေသောခြေလှမ်းများကိုရပ်တန့်လျက်လှည့်ကြည့်လိုက်သည်။

"ဟုတ်နေတာပဲ..အဝေးကလှမ်းကြည့်တော့လူများမှာတာလားလို့"

"ရှင်.."

သက်ဝေအမူအယာကတဖက်လူ၏ပြူပြူငှါငှါနှုတ်ဆက်မှုအပေါ်ပြန်တုံ့ပြန်နိုင်ဖို့အတွက် မည်သူလဲဆိုတာအကြိတ်အနယ်စဉ်းစားနေပုံပင်။

"ကိုယ်လေ..စောမျိုးဦးလေ မင်းမမှတ်မိဘူးလား"

နာမည်နဲ့တကွအတိအကျမှိတ်ဆက်လိုက်ကာမှ ထိုအမည်နဲ့ပတ်သတ်သည့်မှတ်ဉာဏ်များက တခဏအကြာတွင်ပြိုကျလာခဲ့တော့သည်။

MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]Where stories live. Discover now