6

2.4K 111 20
                                    

Unicode

"ဒီတခေါက်ဝယ်တာများသားပဲမမဝေ ဘာလဲဧည့်သည်လာစရာများရှိလို့လား"

ကုန်ခြောက်ဆိုင်ကဝယ်ထားတဲ့ပစ္စည်းများကိုစျေးခြင်းထဲအစဉ်တကျထည့်ရင်းမှ ဘေးသစ်သီးဆိုင်က ကောင်မလေးကများပြားနေတဲ့ သက်ဝေခြင်းတောင်းကို ကြည့်ကာအမေးထုတ်လာသည်မို့ သက်ဝေလက်များနေသည့်ကြားထဲကနေတကူးတကပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူးအိအိရယ် လာမယ့်ဥပုသ်ကျရင် ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်လေးကပ်ချင်လို့ပါ"

"ဒါဆိုအသီးတွေရော မဝယ်တော့ဘူးလား"

ကြုံတုန်းလေးသူ့ဆိုင်ကအသီးတွေကိုစျေးခေါ်နေသေးပြန်တာကြောင့် သက်ဝေအားနာသွားသည်။

"ဟိုတခေါက်ကဝယ်ထားတာရှိသေးတယ်လေ နောက်တခါမှပေါ့အိအိရယ်"

"ဟုတ်ပါပြီတော်"

ရောင်းမရတော့လက်လျော့သွားဟန်နဲ့သက်ဝေအနားကနေ သူမနေရာသူမပြန်သွားထိုင်တော့သည်။သက်ဝေကတော့အပြည့်ဖြစ်နေတဲ့ ခြင်းတောင်းကတဖက်။မနက်ဖြန်ဘုရားပန်းအိုးထိုးဖို့ ဝယ်လာတဲ့ပန်းတွေကတဖက်ဖြင့်ရှုပ်ရှက်ခက်နေ၏။ကြားထဲသူမလက်ကအမိအရထီးရိုးကိုကိုင်ပြီးနေပူလုံအောင်ဆောင်းထားပြန်သေးတော့ အများသူငှါမြင်ရပုံမှာ မသက်မသာဖြစ်လွန်းသည်။

"ဒီနေ့မှကယ်ရီတွေရောသုံးဘီးတွေရောရှာရခက်လိုက်တာ"

နေပူလို့လည်းမလိုက်ချင်။မိုးရွာလို့လည်းမလိုက်ချင်ကြတဲ့ကယ်ရီသမားတွေက သက်ဝေ ရှာမရအောင်ပျောက်နေ၏။စျေးကနေ အိမ်ပြန်ဖို့ကယ်ရီရှာရင်း လမ်းလျှောက်လာလိုက်တာ ခရီးနည်းနည်းတောင်တွင်နေပြီ။ကချင်ခေါက်ပိုက်ဆံအိတ်လေးကိုချိုင်းကြားမှာညှပ်၊ပန်းတွေကို လက်နဲ့ညှပ်ကာရင်မှာပွေ့ရင်းထိုလက်ဖြင့်ပင်ထီးကိုကိုင်ထားသေးသည်။ကျန်လက်တဖက်ကတော့အလေးပိုသည့်စျေးခြင်းတောင်းကိုဆွဲကိုင်ထား၏။

နေကပူပူနဲ့ သယ်စရာတွေအပြည့်နဲ့လမ်းလျှောက်ရတာမောလာသည့်သက်ဝေမှာ အတော်လေးငြီးငြူလာပြီ။
လမ်းလည်းဆက်မလျှောက်နိုင်တော့။ဆိုက်ကားပဲဖြစ်ဖြစ်ငှါးသွားရငှါးသွားရ ဖြစ်သည်ဟုသည့်အတွေးနဲ့နောက်လှည့်လိုက်သည့်အခါ လူတစ်ယောက်သူမကိုအားဖြင့်သိသိသာသာဝင်တိုက်သွားသည်။

MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]Where stories live. Discover now