12

1.9K 133 67
                                    

Unicode

"သက်ဝေ!သက်ဝေ!"

အနောက်ကနေအမြန်ပြေးလိုက်လာသည့်ခြေသံတို့ကြောင့်သက်ဝေ လမ်းလျှောက်နေရင်းမှလှည့်ကြည့်လိုက်သည်။သူမခြေလှမ်းတွေအရှိန်လျော့သွားတော့ နီးကပ်သွားတဲ့ခြေသံတို့နှင့်အတူအရိပ်တခုကသက်ဝေအရှေ့တွင်ရောက်ရှိလာသည်။

"ကိုယ့်မှာခေါ်လိုက်ရတာ မှီလို့တော်သေးတယ်"

"ရှင်?"

သက်ဝေနောက်ကိုပြေးလိုက်လာရသည့်အတွက်မောပန်းနေသည့်ပုံတို့ဖြင့်ခဏအမောဖြေနေသည်။ရှပ်လက်တိုအဖြူကိုပုဆိုးနှင့်သေသေသပ်သပ်ဝတ်ဆင်ထားသောအမျိုးသားမှာ သက်ဝေရှေ့တွင်ထီးထီးရပ်လျက်။

"ဘယ်ကပြန်လာတာလဲ"

"အသိတစ်ယောက်အိမ်ကပါ။ကိစ္စရှိလို့လား"

"ကိစ္စကတော့ထွေထွေထူးထူးမရှိပါဘူး သက်ဝေကိုတွေ့လို့ လက်ဖက်ရည်ဆိုင်ထိုင်နေရာကနေအပြေးထလာတာ"

"အာ..."

သက်ဝေအသံတစ်ချက်သာပြုလိုက်မိသည်။ဘာကြောင့်လိုက်လာသည်မှန်းတဖက်ကပါရှင်းရှင်းလင်းလင်းအဖြေပေးတော့သက်​ဝေတုံ့ပြန်ဖို့ရာစကားရှာမရဖြစ်သွားသည်။

"အိမ်ပြန်တော့မလို့လား"

"အင်း"

"ကိုယ်လိုက်ပို့ပေးမယ်လေ"

"ရ..ရပါတယ် ကိုယ့်ဘာသာကိုယ်ပြန်လိုက်ပါ့မယ်။လက်ဖက်ရည်ဆိုင်ထိုင်နေတယ်ဆို...သွားပါ"

အမှန်အတိုင်းပြောရရင်သက်ဝေကယောကျာ်းတစ်ယောက်နဲ့အတူအိမ်ပြန်လမ်းကိုလျှောက်ဖို့မလိုလားပါ။သို့ပေမယ့်တဖက်ကစကားဝိုင်းထဲကိုသိသိသာသာအတင်းတိုးဝင်လာသည်။

"မဟုတ်တာ အဲ့တာကအရေးမကြီးပါဘူး လိုက်ပို့မယ်နော်"

နောက်ဆုံး..ငြင်းလို့မရတော့မည့်ပုံပင်။သက်ဝေငြင်းရင်တောင် မရမကလုပ်မည့်ပုံမို့သက်ဝေစိတ်မပါသလိုသာတုံ့ပြန်လိုက်သည်။

"ဟုတ်..ကဲ့"

သူမရဲ့လျှောက်လမ်းတွေဘေးမှာသိသိသာသာလူတစ်ယောက်ပိုလာပေမယ့် ယောကျာ်းသားဖြစ်နေတော့ သက်ဝေခပ်ခွါခွါပင်လျှောက်နေမိသည်။

MY DAD'S FIRST LOVE BECOMES MY WIFE[ONGOING]Where stories live. Discover now