ကိုက်ခဲနေသည့်ခေါင်းကြောင့် Cloudy မျက်ခုံးတန်းတွေ တွန့်ချိုးသွားသည်။ မဖြစ်ဖူးသေးသည့် ဝေဒနာတစ်ရပ်ဖြစ်သောကြောင့် ခံစားရသည်မှာမသက်သာ။
"အာ့..ကျွတ်! ကျွတ်! ဘယ်ရောက်နေတာလဲ"
အိပ်ရာမှထလိုက်တော့ မမြင်ဖူးသည့် အခန်းအပြင်အဆင်။ ထို့အတူ သူ့ခါးတွင်တင်ကျန်နေသည့် သန်မာသည့် လက်တစ်ဖက်။ ထိုအခါမှ ခေါင်းထဲ အချက်ပေးသံတွေ ညံသွားရသည်။ ကိုယ်ပေါ်မှာ အုပ်ထားသည့် စောင်ကို ဆွဲဖယ်လိုက်တော့ ကိုယ်တိုင်လဲ အဝတ်ကပ်မနေ။ တစ်ဖက်လူသည်လည်းမိမွေးတိုင်းဖမွေးတိုင်း။
"ယဥပဲ! နွေတိမ်ယံရေ!"
ဘေးနား မှောက်အိပ်နေသူက ဘယ်သူလဲဆိုတာ မသိသေး။ စိုင်းအောင်ဘုန်းပြည့်မဟုတ်တာကိုတော့ Cloudy သိသည်။ ဘေးနားရှိအသေကောင်လိုပင် အိပ်မောကျနေသူ၏ ကျောကုန်းကို တစ်ချက် ပြင်းပြင်းရိုက်လိုက်ပြီး
"ဟေ့လူ! ဟေ့လူ!!!"
"အင်း..."
အိပ်မှုန်ဆန်ဖွားလူက အသံသာထွက်ပြီး မျက်လုံးတို့ဖွင့်မလာသေး။
"ဟာဗျာ! ဟေ့လူကြီး!!!!"
တဘုန်းဘုန်းထုရိုက်သံတွေကြောင့် မိုင်းတစ်ယောက်နိုးလာရတော့သည်။
"ခင်ဗျားလဲ နိုးမှပဲ အိပ်နေတာ သေနေသလိုပဲ"
"ဟင်.! အိပ်ပျော်နေတယ်"
မိုင်းအတွက် ဒါဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ပြန်ကြုံတွေ့ရသည့် ပထမဆုံးအကြိမ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်း။မိုင်းက တကယ်ပင်အိပ်ပျော်သွားသည်တဲ့လား။ ကိုယ်တိုင်တောင် မသိလိုက်ဘဲ အိပ်နိုင်သွားတာတဲ့။
"ခင်ဗျား! ခင်ဗျားက ဘယ်သူလဲ"
ဘေးနားက ပေါက်စနက မိုင်းမျက်နှာကို သေချာကြည့်ရင်းမေးနေတာဖြစ်သည်။
"ဟင်.. ခင်ဗျားက ဟို Doberman လူကြီးမဟုတ်လား"
"ခဏ...ပေါက်စန မင်းညက ကိုယ့်ကိုဘာလုပ်လိုက်တာလဲ"
"ဘောပဲ ကျုပ်က ဘာလုပ်ရမှာတုန်း!"
"မင်းတစ်ခုခုလုပ်လိုက်တာမို့လား မဟုတ်ရင် ကိုယ်ကဘယ်လိုအိပ်ပျော်မှာလဲ"