"ထ ပြန်မယ်"
"Yay.! ပြန်ရတော့မှာလား"
တစ်ပတ်လုံးအခန်းထဲတွင် ဂျီကျနေခဲ့သော ပေါက်စနက ပြန်ရတော့မည့်ကြားတော့ အတော်ပင်ဝမ်းသာသွားဟန်။
မိုင်းလည်ပင်းကိုလာပြေးဖက်လိုက်ပုံက သူအရပ်မမှီတာလည်းသတိထားမိပုံမပေါ်။ ခြေထောက်လေးတွေက ကြမ်းပြင်နှင့်အနည်းငယ်လွတ်နေသည်။
ဒါ့အပြင် ဒွန်းနေရိုင် ရှေ့မှာ မိုင်းအဖက်ခံလိုက်ရသည်ဖြစ်၍ ရုပ်ကတော့အိုးတိုးအမ်းတမ်းဖြင့် ရုပ်တည်ကြီး။
"Titan ကောသက်သာသွားပြီလား"
"အင်း"
Cloudy အတွက်တစ်ပတ်လုံး ဒီလူ့အခန်းထဲမှနေ မထွက်ရဘဲ ဒီထဲမှာပဲနေခဲ့ရသည်မှာအတော်ပင်ပျင်းစရာကောင်းလွန်းလှသည်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ မပြတ်ပို့ပေးပေမဲ့ တစ်နေကုန် အခန်းထဲကအပြင်မထွက်ရ။ ခွန်မိုင်းထိုက်စံဆိုသည့်လူကျတော့လဲ မနက်စာ အတူစားပြီးတည်းကထွက်သွားတာ ညဘက် Cloudy အိပ်ရာထဲရောက်နေချိန်ကျမှ ပြန်,ပြန်ရောက်လာတတ်တာ။
"Titan.!"
တစ်ပတ်လုံး Titan နှင့်မတွေ့ရဘဲ သတင်းပဲမေးခဲ့ရသည်မို့ ယခု ပြန်တွေ့တော့ပြေးဖက်လိုက်မိသည်။ ပတ်တီးအနည်းငယ်ရှိနေသေးသော Titanက သူ့မူပိုင် ရုပ်တည်တည်ကြီးနှင့်အဖက်ခံနေသည်။
"ခွီး.! မိုင်း မင်းတို့သားအဖက တစ်ရုပ်တည်း"
တစ်ချိန်လုံး နောက်တွင်ပါလာတော့ ဒွန်းက ကြိတ်ရယ်နေသည်။ စောနက အဲ့ပေါက်စနလေး မိုင်းကိုပြေးဖက်တော့ မိုင်းဖြစ်သွားသည့်ရုပ်နှင့် ယခု မိုင်းသား Titan အဖက်ခံရတော့ဖြစ်နေသည့်ရုပ်က တစ်ပုံစံတည်းပင်။
"သူတောင်းစား ရယ်သေ"
မိုင်းဘေးနားတွင် ရယ်သေတော့မည့်ကောင်အား တစ်ချက်လှမ်းကန်ရင်းပြောလိုက်မိသည်။ ရှေ့က အလွမ်းသယ်နေသည့် ပေါက်စနကိုလည်း ကြည့်ရင်း မျက်စိထဲကန့်လန့်ဖြစ်လာရသည်။
"ဟိုသားအမိ ပိုမနေနဲ့၊ လာ ပြန်မယ်"
"ဟမ်...သားအမိ"
Cloudy ထူးခြားလွန်းသွားသည့် အသုံးအနှုန်းကို ပြန်ပြီး သံယောင်လိုက်မိရင်း မိုင်းကိုကြောင်ကြည့်နေမိသည်။ မိုင်းသည်လည်း ထိုအခါမှ ကိုယ်ခေါ်လိုက်မိသည့်နာမ်စားကိုသတိထားမိသွားသည်။
