"ခင်ဗျားပြောတော့ အိမ်ပြန်ဖို့ကလွဲပြီး အကုန် ကျွန်တော့် စိတ်တိုင်းကျဆို!"
"ကျစ်! မင်းဘက်က ဖြစ်နိုင်တာကိုပြောလေ"
"ဘာမဖြစ်နိုင်စရာရှိလဲ"
"မင်းပြောတာကို ဘယ်နားသွားရှာလို့ရမှာလဲ၊ မင်းဦးနှောက်သေးသေးလေးနဲ့ အရင်စဉ်းစားကြည့်"
"မသိဘူး! ကျွန်တော်
မြန်မာလက်ဘက်ရည်စစ်စစ် ချိုဆိမ့် သောက်ချင်တယ်!""ကျစ်! ပေါက်စန!"
"ဘာလဲ! ဘာလဲ! ခင်ဗျားနော် လူကြီးဖြစ်ပြီး ကိုယ့်စကားကိုယ်တည်၊ မရရင်...ညကျ...ညကျ ခင်ဗျားနဲ့တူတူမအိပ်ဘူး"
ထိလုမတက် တွန့်ချိုးထားသည့်မျက်ခုံးတန်းတွေကြောင့် ဒီလူကြီးဘယ်လောက်စိတ်တိုနေသလဲ Cloudy ခံစားမိသည်။ သို့သော် မတတ်နိုင်။ ကိုယ်သာအရမ်းဆိုးပြီးသောင်းကျန်းပြလိုက်ရင် ဘဲကြီးလဲ လက်လျှော့ပြီး ပြန်ပို့ပေးလောက်မည်လေ။
ယခုလဲ Cloudy ကိုစိတ်တိုပြီး ဆိုဖာပေါ်ထိုင်နေရာမှ ထသွားလေသည်။ မတ်တပ်ရပ်ပြီး လက်ထဲမှဖုန်းကလည်း ဖုန်းနံပါတ်တစ်ခုကိုခေါ်နေသည်။
"ဒွန်း"
"အေး ပြော"
"မင်းဘယ်ရောက်နေလဲ၊ ပြန်ရောက်နေပြီလား"
"အေး ပြန်ရောက်ပြီ၊ အခုပဲလေယာဉ်ပေါ်ကဆင်းလာတာ၊ ဘာဖြစ်လို့လဲ"
ဒွန်းက Mission တစ်ခုကြောင့် မြန်မာနိုင်ငံသို့ပြန်ပြီး
သတင်းအချက်အလက်သွားပြန်ယူနေတာဖြစ်သည်။ လွန်ခဲ့သည့် (၃)ရက်ခန့်တည်းကသွားပြီး ယခုမှပြန်ရောက်၍ လေယာဉ်ပေါ်က ဆင်းခါစပင်။"အခု ဟိုကိုပြန်သွားပြီး မြန်မာလက်ဘက်ရည်ချိုဆိမ့်ကို ပါဆယ်ဆွဲခဲ့ကွာ"
"ဟေ့ကောင်! ငါအခုမှ မြန်မာပြည်ကနေ ဒီကိုလေယာဉ်ဆိုက်တာနော်! ဘောလို သောက်ပေါကိစ္စတွေလာမခိုင်းစမ်းနဲ့"
"ကျစ်! ဟိုကလေး ပူဆာနေလို့"
"စထရိတ် စထရိတ်ဆိုပြီး အခုကျ သူ့ဟာလေးက လက်ဘက်ရည်သောက်ချင်တယ်ပြောတော့ ချက်ချင်းအီတလီကနေ မြန်မာပြည်ထိ ပြန်သွားဝယ်ခိုင်းနေတယ်"