"ဟင်...ဘာလို့ဖုန်းခေါ်လို့မရတာပါလိမ့်"
ကြည်ပြာစိုးမိုးတစ်ယောက် Cloudy ကိုဖုန်းဆက်မရ၍တိုင်ပတ်နေလေသည်။ မနေ့ညနေ ဆိုင်ကပြန်သွားတည်းက Cloudy ပျောက်သွားတာ။ မနေ့ညက စာပို့တော့လဲ seen မပြ။ ဖုန်းခေါ်တော့လဲ မကိုင်။ ဒီမနက်လဲဆိုင်ကိုပေါ်မလာ။
"သွန်းသွန်း ဆိုင်ခဏကြည့်ထားပေးနော်၊ အစ်မ Cloudy ဆီခဏသွားမို့"
"ဟုတ် ဟုတ်"
ဆိုင်ရှေ့တွင် ပါကင်ထိုးထားသော swift အဖြူရောင်လေးကိုမောင်းပြီး Cloudy Condo သို့ရောက်လာခဲ့သည်။ Condo ရှေ့ရောက်တော့ ဖုန်းဆက်ပေမဲ့ Cloudy ကမကိုင်။ Cloudy ရဲ့အခန်း password ကိုသိပေမဲ့ ကြည်ပြာက မပြောမဆို မဖွင့်ချင်တာပင်။ ဒါ့ကြောင့် အိမ်ကိုလာတိုင်းအမြဲ bell တီးပြီးမှဝင်တာ။ ယခုတော့ Bell တွေတီး ဖုန်းတွေခေါ်တာတောင် ဘာမျှထူးခြားမလာ။ ထို့ကြောင့် Password ရိုက်၍သာ ဝင်လိုက်သည်။
"ဟင်...သမီး"
တံခါးဖွင့်လိုက်သည်နှင့် Daisy က အမြီးလေးနှံ့ပြီးကြည်ပြာ့ခြေထောက်နားပြေးလာလေသည်။ အကောင်သေးသေးလေးကိုပွေ့ချီလိုက်ပြီး
"သမီးဖေဖေကော"
"Cloudy ရေ! ငါလာတယ်နော်"
အိမ်ထဲတွင် တုံ့ပြန်သံမကြား။ ဧည့်ခန်းထဲက စားပွဲခုံပေါ်တွင်တော့ Cloudy ရဲ့ဖုန်းကိုတွေ့ရသည်။
"Cloudy!"
ဖုန်းကိုကိုင်ကြည့်တော့ Lock ခတ်ထားသော Home Screen တွင် missed call ပေါင်းများစွာက ကြည်ပြာအပါအဝင် စိုင်းအောင်ဘုန်းပြည့်ဆီကပင်။ လူကိုခုထိမတွေ့ရသေးတာကြောင့် နေမကောင်းလို့ အိပ်နေတာလားဟူ၍ အတွေးဖြင့် Cloudy အခန်းရှေ့တံခါးသွားခေါက်ရသည်။
ဒေါက်_ဒေါက်
"Cloudy နေမကောင်းလို့လား၊ ငါဝင်လာလို့ရလား"
ဘာသံမျှပြန်မကြားရပေ။ မဟုတ်သေးပါဘူး။
"ငါဝင်လာပြီနော်"
တိတ်ဆိတ်နေသည့်အခန်းထဲတွင် မည်သူမျှမရှိသည့်အပြင် အိပ်ရာခင်းသည်လည်း တွန့်ကြေနေခြင်းအလျင်းမရှိ။
"ဟင်.! ညကပြန်မအိပ်ဘူးလား၊ ဖုန်းလဲထားခဲ့တာပါ"
လက်ထဲကိုင်လာသော Cloudy ရဲ့ဖုန်းကို ကြည့်ရင်း ကြည်ပြာတစ်ယောက် အတွေးများနေရသည်။ Fiction တွေထဲကလို ပြန်ပေးဆွဲသွားတာများလား။ ပြန်ပေးဆွဲတယ်ပြောရအောင်လည်း အိမ်ကဘာမှခြေရာလက်ရာပျက်နေတာမဟုတ်။ ပြီးတော့ Cloudy လိုလူကိုဘယ်သူက ပြန်ပေးဆွဲရဲမှာလဲ။ သမ္မတဟောင်းဖြစ်တဲ့ အဖိုးရဲ့အသည်းကျော်လေးဖြစ်နေသည့်အပြင်
s-world ၏ ဆည်းလည်းလေးအတွက် စောင့်ရှောက်သူကိုယ်ရံတော်တွေကလည်း အမြဲအပြည့်ရှိနေတာ။