Part-12

675 28 13
                                    

"ဟော...ကားသံကြားတယ်။ ကိုဒွန်းလာပြီထင်တယ်။ မိုင်း သွားကူလိုက်ဦး"

မီးဖိုခန်းတွင် အလုပ်ရှုပ်နေသည့် ကျောပြင်ငယ်လေးက လှည့်ပင်မကြည့်ဘဲ မိုင်းကို ခိုင်းစေလေသည်။ Laptop တစ်လုံးနှင့် အလုပ်လုပ်နေသော မိုင်းသည်လည်း ဘာမျှပြန်မပြောတော့ဘဲ အပြင်သာထွက်သွားလိုက်တော့သည်။

"Cloudy ရော"

"ဟင်းချက်နေတယ်။ မင်းလာတာကလည်း ကြာလိုက်တာ"

မုန့်ဟင်းခါး ချက်ဖို့ရန်အတွက် လိုအပ်သည်များ ဝယ်ပြီးလာခဲ့ရန် ဖုန်းဆက်ပြီး ပြောထားခဲ့သည်။ သို့သော်လည်း ဒွန်းနေရိုင်တို့မည်သည် တစ်မြို့လုံးပတ်ပြီး ပျိုးကြဲနေသလားအောက်မေ့ရအောင် ကြာနေသောကြောင့် မိုင်းကမေးလိုက်ရခြင်းဖြစ်သည်။

"မင့်အဘ မြို့ထဲမှာ ကတ်သရင်းနဲ့တိုးခဲ့လို့ကွ"

"သူကခုထိမပြန်သေးဘူးလား"

"ငါကဘယ်သိမလဲ"

နှစ်ယောက်သား စကားတပြောပြောဖြင့် အထုပ်တွေသယ်ကာဝင်လာခဲ့သည်။ မီးဖိုခန်းသို့ရောက်တော့ Cloudy မှာထားသည့် အထုပ်တွေကို စားပွဲပေါ်တင်ပေးကာ

"စစ်ကြည့်ဦး ဘာလိုသေးလဲ"

"အင်....မလိုတော့ဘူး ကိုဒွန်း"

"မုန့်ဟင်းခါးက ဘယ်တော့ရမှာလဲ"

"နေ့လယ်မှစားလို့ရမှာ ကိုဒွန်း"

"လောလောဆယ် ဘာစားစရာရှိလဲ။ ငါဘာမှမစားလာရသေးဘူးကွ"

"ဒါဆို ခဏစောင့်လေ။ ကျွန်တော် မနက်စာပြင်နေတာ...ခဏနေရတော့မယ်။ မိုင်းဘေးနား သွားထိုင်စောင့် လိုက်"

"အိုကေ"

အကြောင်းစုံသိပြီးနောက် ခါးခါးသီးသီးစွာမနေတော့ဘဲ အသာတကြည်ဖြစ်သွားသည့် ပေါက်စနက မိုင်းနှင့်ဒွန်းတို့၏ စားသောက်ရေးအတွက်ပါ ထည့်ချက်ပေးလာလေသည်။ ဒွန်းကတော့ ဒီအိမ်တွင်အမြဲနေသူ မဟုတ်သော်ငြား ထူးထူးခြားခြားချက်သည့်နေ့ဆို ဒွန်းကိုပါ ခေါ်ပြီး စားစေသည်။

"မိုင်း ကျွန်တော့်ကိုဆံပင်လာစည်းပေးပါဦး"

မီးဖိုနားအလုပ်ရှုပ်နေသည့်လူက မိုင်းကိုလှမ်းခေါ်လေတော့ အလုပ်လုပ်နေသည့်မိုင်းက laptop ကိုထားခဲ့ကာ ပေါက်စနလေး၏ ဆံနွယ်ရှည်တွေကို ဆောင်ထားနေကျ ခေါင်းစည်းကွင်းပျော့လေးနှင့် ခပ်ဖွဖွလေး ချည်နှောင်ပေးလိုက်သည်။ အခုနောက်ပိုင်း လုပ်ပေးဖြစ်နေကျ အပြုအမူတွေဖြစ်သော်လည်း ဒွန်းနေရိုင်အတွက််တော့အထူးအဆန်းတွေဖြစ်နေသည်။

Romance of the legendary MafiaWhere stories live. Discover now