Part-5

783 44 10
                                    

"ဟင်...ခင်ဗျား

ခွန်မိုင်းထိုက်စံ!"

"တံခါးဖွင့်ပေးလို့ကျေးဇူးပဲ"

"ဘာလုပ်! အွန့်.! ဝူး!! ဝူးး.!!"

ရုန်းရင်းဆန်ခတ် ဖြစ်သွားသည့် ကောင်လေးက မျက်လုံးတွေပိတ်ကျသွားပြီး မတ်တပ်ရပ်နေသည့်ကိုယ်လေးက မိုင်းရင်ဘတ်ပေါ် မှီကျလာသည်။ ယခုမှ ဆိုင်က ပြန်လာပုံရကာ ဆံနွယ်ရှည်တွေက ဆံထိုးတစ်ခုနှင့်ထိုးတင်ထားဆဲ။ သတိမေ့ပျောက်သွားသည့် ကောင်လေးကို မိုင်းကိုယ်တိုင်ပဲပွေ့ချီလိုက်သည်။

"သူ့ပစ္စည်းတွေသယ်ရဦးမလား မိုင်း"

"မယူခဲ့နဲ့၊ ဘိုးတော်က သူ့မြေးဖုန်းထဲ ခြေရာခံစက်မထည့်ထားဘူးလို့ပြောမရဘူး"

"Okay ဒါဆိုလဲ လူကိုပဲ မ သွားကြတာပေါ့"

မိုင်းက ရှေ့ကနေထွက်သွားတော့ ဒွန်းက နောက်ကနေ ကပ်လိုက်လာလေသည်။ သူတို့နောက်တွင်လည်း Team 85 နှင့် 77 ကလိုက်ပါလာသည်။ Condo ၏ လုံခြုံရေးစောင့်ကြည့် ကင်မရာတွေသည်လည်း Dark Wolves ၏ Hacker များကြောင့် အလုပ်မလုပ်တော့ပေ။ ထို့အတူ Condo အနီးတွင် သမ္မတဟောင်းစေလွှတ်ထားသည့် သူ့မြေးကို စောင့်ကြည့်စေသည့် လူအုပ်စုသည်လည်း ဝံပုလွေအုပ်စုလက်ချက်ဖြင့် မှောက်နေကြပြီဖြစ်သည်။ ထို့ကြောင့် နွေတိမ်ယံကို ခေါ်လာသည့် လမ်းတစ်လျှောက် ခလုတ်မထိ စူးမငြိပဲ ခေါ်လာနိုင်တော့သည်။

ထိုသို့ခေါ်လာနိုင်ရန်လည်း ဒွန်းနှင့် ဝံပုလွေအုပ်စုက ကိုစိုင်း ဝယ်ပေးထားသော Condo ခန်းတွင် တစ်ပတ်လုံးနေပြီး နွေတိမ်ယံ၏အပြင်ထွက်ချိန်၊ ပြန်လာချိန်၊ သူ့နားရှိလူများအကြောင်းကို ခရေစေ့တွင်းကျ လိုက်စုံစမ်းထားရလေသည်။

ဓာတ်လှေကားမှထွက်လိုက်သည်နှင့် တိုက်အောက်တွင် ကားတစ်စီးက အဆင်သင့်တံခါးဖွင့်စောင့်နေသည်။ ပေါက်စနကိုပွေ့ချီထားသည့်မိုင်းက ကားနောက်ခန်းသို့ဝင်ထိုင်လိုက်ပြီး ဒွန်းက Driver seat သို့ဝင်ထိုင်သည်။ မိုင်းတို့ကား၏ရှေ့နှင့်နောက်တွင် Team 85 နှင့် 77 အုပ်စုကားများက ခြံရံပြီးလိုက်ပါလာကြသည်။

"ကိုစိုင်း"

"Ready ပဲမိုင်း"

"ကျေးဇူး ကိုစိုင်း"

Romance of the legendary MafiaWhere stories live. Discover now