Part-10

489 34 3
                                    

"ခွန်မိုင်း.."

"ရေသွားချိုး"

Cloudy ကိုဘာမျှရှည်ရှည်ဝေးဝေးပြောမနေဘဲ တစ်ဖက်လှည့်သွားပုံက စိတ်ရှုပ်နေဟန်။ Cloudy လည်း မိမိအပြစ်အနည်းငယ်ရှိသဖြင့် ဘာမျှအထွန့်မတက်တော့ဘဲ ရေချိုးခန်းထဲသာဝင်လိုက်သည်။

Bathtub ထဲ ရေနွေးနွေးကလေးဖြင့် စိမ်နေခြင်းဖြင့် ခန္ဓာကိုယ် နာကျင်နေတာကို သက်သာရာ ရစေသည်။ ဆံနွယ်ရှည်တွေကိုလည်း ဖြည်ချထားပြီး ခေါင်းလျှော်ဖို့ပါ တွေးထားမိသည်။

"အင်္ကျီမဝတ်နဲ့ဦး"

ရေချိုးခန်းထဲက Cloudy ထွက်လာတော့ ခွန်မိုင်းထိုက်စံကလည်း ရေချိုးထားပြီးသည့်ပုံ။ Bathrobe တစ်ထည်ကိုသာဝတ်ထားသောကြောင့် ရင်အုပ်ကျယ်ကျယ်က ထင်းနေသည်။

ရေချိုးခန်းထဲမှ အခုမှထွက်လာသော Cloudy ကို လက်မောင်းမှဆွဲခေါ်ကာ ကုတင်ပေါ် ထိုင်စေသည်။

ဝတ်ထားသော Bathrobe ကိုလက်လှမ်းလာသောကြောင့် ကိုယ်တိုင်လည်း အလန့်တကြားဖြစ်သွားကာ သူ့လက်ကို ပုတ်ချပြီး ကိုယ့်ကိုယ်ကိုယ် ကာလိုက်မိသည်။

"ခင်..ခင်ဗျားနော်"

"ကျစ်.! မင်းဒဏ်ရာဆေးထည့်ပေးမလို့"

မျက်မှောင်တွေတွန့်ချိုးထားသည့်လူ၏မျက်လုံးက တကယ်လဲ တဏှာစိတ်ကင်းစင်နေဟန်ဖြစ်နေသောကြောင့် Cloudy လည်း အိုးတိုးအမ်းတမ်းဖြင့် ကာထားသည့်လက်တွေကိုဖယ်ပေးလိုက်သည်။

သူ့နောက်မှာ ဝင်ထိုင်ပြီးBathrobe ကိုအပေါ်ပိုင်း ဆွဲချလိုက်တော့ နူးညံ့နေသည့် အသားအရေထက် ခြစ်ရာတွေကြောင့် အနီရောင်ပင် သန်းနေသည်။ တောင်းထားသည့် ဆေးကို ယူပြီး ဒဏ်ရာတွေကို သန့်စင်ကာ နားကြပ်တောင်ဖြင့် ဆေးလိုက်တို့ပေးလိုက်သည်။ မျက်စိရှေ့မှာမြင်နေရသည့် ကိုယ်လေးက တစ်ချက် တစ်ချက် တွန့်သွားသေးသည်။

ခေါင်းလျှော်လာပုံရကာ သူ့ဆံပင်ရှည်တွေကို တဘက်တစ်ထည်ဖြင့် ပေါင်းထားသည်။

"ဒီဘက်လှည့်"

မျက်နှာချင်းဆိုင်အနေအထားတွင် ပန်းရောင်သန်းနေသည့် အသားအရေထက် နီရဲနေသည့် အမှတ်အသားလေး နှစ်ခုက ထင်းနေသည်။ လည်ပင်းနားတွင်လည်း အစင်းကြောင်းတစ်ခုရှိသောကြောင့် ဆေးလိုက်ထည့်ပေးရင်း ဘယ်နေရာကျန်သေးလဲ လိုက်စစ်ကြည့်ရသည်။

Romance of the legendary MafiaWhere stories live. Discover now