Part-13ခွန်းကြယ်လင်း
သူကျနော့်ကိုပြောရင်းရုတ်တရက် ဗိုက်အောင့်တယ်ဟုဆိုကာ..လုံးဝခွေကျသွားသည်...။သူ..သူဘာဖြစ်သွားတာလည်း..မဟုတ်မှ..ကျနော်တိုက်လိုက်တဲ့သံပုရာရည်ကြောင့်လား...ကျနော်တွေးရင်းခြောက်ခြားနေတုန်း..သူကျနော့်ကို ဖြူဖျော့သွားတဲ့မျက်နှာနဲ့မော့ကြည့်ကာ...သူ့ကိုချစ်လားလို့မေးလာတယ်...ကျနော်သူ့ပုံစံဂိုကြည်ြ့ပီး အရမ်းကြောက်တယ်...ဒါကြောင့် အနောက်ကိုဆုတ်လိုက်ရင်း ခေါင်းခါလိုက်မိပြီး...သူနဲ့သဘောတူထားတဲ့ သူ့ကိုချစ်တယ်လို့ပြောပေးဖို့ကိုတောင်မေ့သွားရကာ..ပါးစပ်ထဲကထွက်ရာတွေပြောမိသွားတယ်...ပြီးနောက် ကျနော့်ကိုကြည့်နေရင်း...ကုတင်ပေါ် လှဲကျသွားတာကြောင့်...အကိုက သူ့ကိုပွေ့ကာ...
"သူဌေး...သူဌေး...သတိထားပါအုံး...သူဌေး..."
အကိုခေါ်နေပေမယ့် သူကခေါ်လို့မရတော့ဘဲ မေ့မျောသွားတာလား..သေသွားတာလား..ကျနော်လည်းမသိပါ...။ကျနော်သူ့ကိုကြည့်ပြီး ကြောက်လွန်းလို့ ထိုအခန်းထဲကပြေးထွက်လာဖို့ လုပ်လိုက်တော့...အကိုကကျနော့်လက်ကိုဆွဲထားလိုက်တာကြောင့် ကျနော်ကုတင်ပေါ်ပြန်ထိုင်ကျသွားကာ...ချက်ချင်းလက်အုပ်ချီလိုက်ပြီး...
"ကျနော်သူ့ကိုသတ်တာမဟုတ်ပါဘူး..ကျနော့ကိုထောင်မချပါနဲ့..ကျနော်ကြောက်လို့ပါ..."
ပြောရင်းငိုကြွေးနေမိသည်...။ထိုချိန်အကိုကကျနော့်ကိုကြည့်ပြီး ကျနော့်လက်တွေကိုဆုတ်ကိုင်ထားကာ..
"ဘာလို့ထောင်ကျရမှာလည်းကွာ...အဲ့လိုတွေမပြောရဘူးလေ..အခုအကို မှာမယ်...အကိုမျက်နှာကိုကြည့်ကလေး..."
အကို့စကားကြောင့်ကျနော်အကို့မျက်နှာကိုကြည့်လိုက်သည်...
အဲ့ဒီတော့မှအကိုက ...."အကိုပြောမယ်...အခုသူဌေးကို ဆေးရုံခေါ်သွားမှရမယ်...အဲ့တော့ကလေးဒီအိမ်ကနေဘယ်ကိုမှထွက်မပြေးဘဲ လိမ်လိမ်မာမာနေခဲ့ပါ...တကယ်လို့ ထွက်ပြေးခဲ့ရင် သူဌေးရောအကိုရောကလေးကိုခွင့်မလွတ်ဘူး...ပြောတာနားလည်လား..."