ရှေ့ဆက်ရမည့်ဘ၀လမ်းခရီးများ....❤❤❤
၂ လခန့်ကြာသော်.....
ဒီနေ့နဲ့ဆို မင်းမိုရ်ဆုံးတာ ၃လကျော်ပြီဖြစ်သလို Wuလေးဆုံးခဲ့တာလည်း၂လပြည့်ခဲ့ပြီ...။နောက်ပြီး သဘက်ခါဆိုရင်ကျနော်တို့မင်္ဂလာဆောင်ကျင်းပမယ့်နေ့လေးရောက်လာခဲ့ပြီဖြစ်သည်...ဒါကြောင့် နိုင်ငံခြားကလုပ်ငန်းရှင်တွေသာမက မီဒီယာတွေလည်း ဒီမင်္ဂလာပွဲကိုစိတ်ဝင်စားနေကြကာ တရုတ်ကမီဒီယာတွေလည်းမြန်မာနိုင်ငံထိလာရောက်ပွဲတက်ကြကာ အခုဆိုဟိုတယ်အသီးသီးမှာရောက်ရှိနေကြလေပြီ...။ သို့ပေမယ့် ကျနော်တို့မိသားစုလေးကတော့မင်္ဂလာရက်နီးလာလေ ရင်ထဲကနာကျင်မှု့ တွေကကြီးမားလာလေဖြစ်ကာ ကျနော်တို့ကိုစွန့်ခွာသွားပြီဖြစ်တဲ့ လူသား၂ယောက်ကို ပိုလို့ပင်သတိရနေမိကာ နောင်တတရားတွေနှင့်အပြည့်ဖြင့် တရက်လေးမှမပျော်နိုင်ခဲ့ကြပါ အခုလည်း ကျနော်နဲ့ ခွန်းက ဒီမင်္ဂလာပွဲအတွက် မပါမဖြစ်တဲ့အရေးကြီးဧည့်သည်၂ယောက်ကိုဖိတ်ကြားဖို့အတွက် အပြင်ကိုထွက်လာကြပြီဖြစ်သည်...။
အခု ကျနော်တို့ ထိုလူ၂ယောက်ကိုဖိတ်ဖို့အတွက် ဒရိုင်ဘာမောင်းပေးတဲ့ကားလေးနဲ့ထွက်လာခဲ့ရင်း မင်းမိုရ်ရဲ့အိမ်ရှေ့အရောက်မှာဒရိုင်ဘာက ကားကိုရပ်လိုက်တာမို့ ကျနော်တို့ ထိုခြံရှေ့မှာဘဲကားပေါ်ကဆင်းလိုက်ကာ...ခြံရှေ့က လူခေါ်ဘဲလ်းကိုတီးလိုက်သည်....ဘဲလ်းတီးပြီးအတန်ကြာမှ ခြံထဲကိုဆင်းလာတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရသည်....။သူကတော့အခြားသူမဟုတ်ပါဘူး
တိမ်ညိုပါပဲ....။သို့ပေမယ့် သူကအရင်တုန်းကလို သန်မြန်ဖျက်လက်ပြီး တက်ကြွနေတဲ့တိမ်ညိုမဟုတ်တော့ပါ...အခု သူ့ပုံစံက အရင်က သန့်ပြန့်ချောမောခဲ့တဲ့ မျက်နှာပြင်မှာအရင်နဲ့မတူ ညစ်ထေးနေပြီး လှပသေသပ်တဲ့နှုတ်ခမ်းတစ်စုံကိုလည်း နှုတ်ခမ်းမွေးတွေက အကျည်းတန်စွာ ၀န်းရံထားခဲ့ပြီ...အရင်ကစူးရှလွန်းတဲ့အကြည့်တွေနဲ့အမြဲတမ်းမြင်ရတက်တဲ့ မျက်ဝန်းတွေကလည်းအခုချိန်မှာဖျော့တော့စွာဖြင့်ဆေးသမားတစ်ယောက်လိုပါပဲ...။ အခုသူ့ပုံစံကိုကြည့်ရင်းကျနော့်ရင်ထဲမှာပိုလို့ပင်နာကျင်ရကာ မျက်ရည်မကျမိအောင်မနည်းထိန်းထားရသည်...။ထိုချိန်သူက ကျနော်တို့၂ယောက်ကိုခြံတံခါးလာဖွင့်ပေးရင်းအသက်မပါတဲ့အပြုံးဖြင့်...