Part-49
တိမ်ညို
တစ်ကိုယ်လုံးလှုပ်လို့မရလောက်အောင် သေလုမတက်နာကျင်မှု့တွေကြားကနေ ပထမဆုံးအသိဝင်လာတာနဲ့...မျက်လုံးတွေမဖွင့်ကြည့်ရသေးဘဲ...အမြင်အာရုံထဲမှာကျနော့ကားသွားနေတဲ့ လမ်းကြောင်းထဲရုတ်တရက်တိုးဝင်လာတဲ့ကားတစ်စီးကိုမြင်လိုက်ရတာနဲ့ နှလုံးသားကအလိုလိုစူးနင့်နာကျင်သွားရသည်....မင်းရဲ့ နောက်ဆုံးမြှားဦးက ကိုယ့်ဆီကိုလားကလေးရယ်...မင်းသိပ်ရက်စက်လွန်းပါတယ်....။အတွေးနဲ့အတူ မျက်ရည်တွေကစီးကျလာရသည်....။ပြီးနောက်မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ အမြင်အာရုံထဲမှာအရာအားလုံးကေ၀၀ါးနေခဲ့သည်....။ထိုချိန်...သူဌေးရဲ့အသံနဲ့ခွန်းအသံကိုကြားလိုက်ရတာမို့...သူတို့ရောက်နေကြပြီဆိုတာကျနော်သိလိုက်ရကာ...မျက်လုံးတွေကိုပြန်မှိတ်လိုက်ပြီး နောက်တစ်ကြိမ်ပြန်ဖွင့်မှ အားလုံးကိုသဲသဲကွဲကွဲမြင်ရတော့သည်....။ထိုချိန်သူဌေးက ဆရာဝန်တွေကိုခေါ်လိုက်ပြီးဆရာဝန်တွေ ကျနော့်ကိုလာစစ်ဆေးကြသည်....အားလုံးစစ်ဆေးပြီးလို့ဆရာဝန်တွေပြန်ထွက်သွားတာနဲ့....သူဌေးက ကျနော့်ကိုမေးလာခဲ့သည်...။သူမေးတဲ့တစ်ခွန်းတည်းသောမေးခွန်းက ကျနော့ကိုအခုလိုဖြစ်အောင်ဘယ်သူလုပ်တာလည်းဆိုတဲ့မေးခွန်းပါဘဲ....။သေချာတာတစ်ခုကတော့ အဲ့ဒီမေးခွန်းကိုကျနော်ဘယ်တော့မှအမှန်တိုင်းဖြေမှာမဟုတ်ဘူးဆိုတာပါဘဲ...။အဲ့ဒီအတွေးတွေနဲ့ ကျနော်ဘာမှမပြောဘဲငြိမ်သက်နေတဲ့အချိန်...ခေါင်းလှည့်လို့ပင်အဆင်မပြေတဲ့ ကျနော့်မျက်စိရှေ့မှာပေါ်လာခဲ့တဲ့ပုံရိပ်ကလေး....။သူကတော့ကျနော့်နှလုံးသားလေးပါဘဲ...တစ်နည်းအားဖြင့် ကျနော့်ကိုအသေသတ်ဖို့ကြိုးစားခဲ့တဲ့ ကျနော့်အချစ်ရဆုံးသူပေါ့....။သူ့ကိုမြင်လိုက်ရတာနဲ့ ရင်ထဲကနာကျင်မှု့ ကအတိုင်းအဆမရှိမြင့်တက်သွားကာ...မျက်ရည်တွေကြားကနေသူ့မျက်နှာလေးကိုငေးကြည့်နေမိသည်....။ထိုချိန်...နောက်တခါထပ်မေးလာခဲ့တဲ့သူဌေးရဲ့ မေးခွန်း...။ထိုမေးခွန်းအဆုံးမှာ မျက်ရည်တွေကျရင်း ကျနော့်ကိုကြည့်နေတဲ့ သူ့မျက်နှာလေးကိုကြည့်လိုက်ရင်း ရင်ထဲကနေ စကားတွေပြောနေမိသည်....။