Part-22တိမ်ညို
ကျနော်ကားကို ဆေးရုံဝန်းထဲမောင်းဝင်လာလိုက်ပြီး...ကားအမြန်ရပ်လိုက်ကာ...ကားပေါ်ကသူဌေးကိုအမြန်ပွေ့ချီလိုက်ပြီး ....ဆေးရုံထဲပြေးဝင်လာရင်း...
"လုပ်ကြပါအုံး...ကယ်ကြပါအုံး...ဒီမှာကြည့်ပေးကြပါအုံးဗျာ.."
ကျနော်အရူးတစ်ယောက်လိုအော်ဟစ်လိုက်တော့ဆရာဝန်တွေအပြေးလွှာရောက်လာပြီး သူဌေးကို အိပ်စင်နဲ့ခေါ်သွားကာ...အရေးပေါ်ခန်းထဲပို့လိုက်ြပီး စစ်ဆေးကြသည်...။ထိုမှတစ်ဆင့် ခွဲစိတ်ခန်းထဲကိုခေါ်သွားကြလေသည်...။ကျနော်လည်း ခွဲစိတ်ခန်းအပြင်ဘက်မှာထိုင်နေရင်း....
သူဌေးအတွက် အကြိမ်ကြိမ်ဆုတောင်းပေးနေမိကာ...မျက်ရည်တေလည်းမစဲနိုင်ခဲ့ပါ...။ဘာလို့ကျနော့်သူဌေးနဲ့ကော်ရုပ်လေးဆီကိုမှဒီလိုကံဆိုးခြင်းတွေကျရောက်လာရတာလည်း..။သူတို့မှာဘာအပြစ်တွေရှိနေလို့လည်းဗျာ...။တွေးရင်းနဲ့ရင်ထဲမှာနာကျင်နေရသည်...။အချိန်တော်တော်ကြာမှခွဲခန်းထဲက သူဌေးကိုသူနာပြုတွေခေါ်ထုတ်လာခဲ့ကာ...ဆရာဝန်တွေလည်းထွက်လာကြတော့သည်...။ကျနော်လည်း သူတို့ဆီပြေးသွားလိုက်ပြီး..."ဆရာ...ကျနော့်သူဌေးအခြေနေဘယ်လိုရှိလည်း..."
ကျနော်မေးလိုက်တော့ဆရာဝန်က...
" ဆေးရုံရောက်တာဒီထက်နည်းနည်းသာနောက်ကျသွားရင် ကျနော်တို့ သူ့ အသက်ကိုကယ်နိုင်မှာမဟုတ်တော့ဘူး...အခုတော့သူအသက်ဘေးကလွတ်သွားပါပြီ..ဒါမယ့်ကျနော်တို့စောင့်ကြည့်ရအုံးမယ်...။မနက်ဖန်ထိဘာမှမဖြစ်ဘဲ အားလုံးအဆင်ပြေတယ်ဆိုရင်တော့ သူစိုးရိမ်ရတဲ့အခြေနေကလွတ်မြောက်ပါပြီ..."
ဆရာဝန်ပြောလိုက်တဲ့စကားကြောင့်ကျနော် ၀မ်းသာသွားရကာ..ရင်ထဲမှာလည်းဒီတစ်ညလုံးသူဌေးဘာမှမဖြစ်ဖို့ကိုဆုတောင်းနေမိသည် ...။အခုလည်းသူဌေးကိုသီးသန့်VVIP အခန်းကိုပို့လိုက်ကာ...သူနာပြုတွေပြန်ထွက်သွားပြီးတာနဲ့ကျနော် သူဌေးအနားမှာထိုင်ပြီး သူဌေးမျက်နှာကိုစိုက်ကြည့်နေမိသည်...။ပြီးနောက်မျက်လုံးထဲမှာ သူဌေးနဲ့ကော်ရုပ်လေးရယ်မောနေကြတဲ့အချိန်တွေကိုပြန်မြင်လာရကာ...၀မ်းနည်းမျက်ရည်ကျနေမိသည်...။ကလေးလေးရယ်..အခုဆိုမင်းက ကောင်းရာဘုံဘ၀မှာ ပျော်နေရောပေါ့...။ဒီမှာတော့မင်းကိုအရမ်းချစ်တဲ့ လူတစ်ယောက် အသက်လုနေရပြီကလေးရယ်....မြင်ကြည့်လှည့်ပါအုံးကွာ....။