Part-23ခေတ်မင်းဈာန်
ဘာလိုလိုနဲ့ကျနော်မုန်းလွန်းတဲ့ဆေးရုံမှာလှဲနေခဲ့ရတာ အခုရက်ပိုင်းမှဒဏ်ရာလည်းသက်သာလို့ ဆေးရုံဆင်းရမယ့်နေ့ကိုရောက်လာခဲ့လေပြီ....။ဒယ်ဒီနဲ့ မာမီကိုတော့ မနေ့ထဲက မြန်မာပြည်ကိုပြန်ခိုင်းလိုက်ကာ..ကျနော်နဲ့တိမ်ညို ၂ယောက်ပဲဆေးရုံဆင်းဖို့လုပ်လိုက်ကြသည်...။
ဆေးရုံကထွက်လာထဲက ကျနော်ရောတိမ်ညိုရော၂ယောက်လုံးတိတ်ဆိတ်နေကြကာ...ဘာစကားမှမပြောဖြစ်ကြ...။အိမ်ရောက်တာနဲ့..တိမ်ညိုကကျနော့်ကိုကားတံခါးလာဖွင့်ပေးကာ တွဲကူဖို့လုပ်နေတာမို့..ကျနော်လက်ကာပြရင်းသူ့ကိုတားလိုက်ကာ...ကျနော့်သာသာကျနော်ကားပေါ်ကဆင်းပြီး...ကြိုဆိုသူမဲ့နေတဲ့ အိမ်ကြီးထဲကိုဝင်လာခဲ့လိုက်သည်...။ဝင်ဝင်လာချင်း...ကျနော့်မျက်လုံးထဲမှာမြင်နေရတာက...အိမ်ကြီးထဲမှာဟိုဟိုဒီဒီလျောက်ပြေးနေတဲ့ကျနော့်ကော်ရုပ်လေးရဲ့ပုံရိပ်တွေပါဘဲ...ထိုပုံရိပ်တွေကို ကျနော်မျက်လုံးထဲမြင်ယောင်ရင်း ဆို့နင့်လာရကာ...အိမ်ပေါ်ထပ်ကိုဆက်ြပီးတက်ခဲ့လိုက်တယ်...။များပြားရှည်လျှားလှတဲ့လှေကားဆင့်တွေကိုတက်နေရင်း..လှေကားပေါ်ကနေလှိမ့်ကျသွားတဲ့ကော်ရုပ်လေးကိုပြန်မြင်ယောင်မိကာ...ရင်ဘက်ထဲကအောင့်လာတာကြောင့်...လှေကားလက်ကိုင်တန်းကို ကိုင်ရင်း ရပ်လိုက်တော့ ကျနော့်အနောက်ကလိုက်တက်လာခဲ့တဲ့တိမ်ညိုက ...ကျနော့်ဘေးကိုအမြန်ရောက်လာကာ...စိုးရိမ်တကြီးနှင့်..
"ဘာဖြစ်လို့လည်းသူဌေး....ဘယ်နေရာကနာလို့လည်းဟင်.."
ကျနော်လည်း ဘာမှမဟုတ်တာလေးနဲ့ ကျနော့်ကိုနေ့ရောညပါ ပြုစုပေးခဲ့တဲ့...တိမ်ညို့ကိုစိတ်မပူစေချင်တာကြောင့်...ကျနော်မာန်တင်းလိုက်ကာ...
"ငါဘာမှမဖြစ်ပါဘူး...ရပါတယ်..."
ပြောပြီးတာနဲ့ကျနော့်အားတင်းပြီး အပေါ်ထပ်ကိုဆက်တက်လာလိုက်ကာ...ကျနော်တို့အခန်းရှေ့ ကိုလျောက်လာခဲ့လိုက်သည်...။ပြီးနောက်အခန်းရှေ့မှာရပ်လိုက်ရင်း...အခန်းတံခါးကို မဖွင့်ခင်...ထိန်းထားတဲ့ကြားက မျက်ရည်စက်တွေပါးပြင်ပေါ်စီးကျလာရင်း...