Part-16ခွန်းကြယ်လင်း
ကျနော် သူ့ကိုပြောပြီးတာနဲ့အခန်းထဲကပြေးထွက်လာခဲ့လိုက်တယ်...။ပြီးနောက်အောက်ကိုဆင်းလာကာ..မီးဖိုခန်းထဲဝင်သွားတော့ အိမ်စေတွေက ကျနော့်ကိုအရိုသေပေးကြပြီး...ကျနော်လည်းအားလုံးကိုလက်အုပ်ချီပြီးပြုံးပြနှုတ်ဆက်လိုက်ကာ...ဟင်းချက်သင်ဖို့လုပ်ငန်းစတော့သည်...။
ဒီအိမ်မှာနေရတာ ကျနော့်တွက်လှောင်အိမ်တစ်ခုလိုဖြစ်နေပေမယ့် အခုကျနော်နေသားကျသွားခဲ့ပြီ...အရင်ကဆိုအမြဲရိုက်နှက်နှိပ်စက်နေတဲ့ ကိုဈာန်ကလည်း..အခုဆိုကျနော့်ကို အစစအရာရာဂရုစိုက်တယ်...။အော်ခြင်းငြောက်ခြင်းလည်းမရှိတော့ဘူး...ဒါပေမယ့် ကျနော်သူ့ကိုလုံးဝမချစ်နိုင်ပါ...။ကျနော်သူ့အပေါ်ချစ်မယ်လို့တွေးလိုက်တိုင်း ကျနော့်ကိုတစ်ချိန်က ရိုက်နှက်ခဲ့တဲ့ သူ့မျက်နှာကို မျက်လုံးထဲပြန်မြင်လာပြီး ထိုအတွေးတွေအားလုံး လေထဲမှာပျက်ပျယ်သွားရသည်...။ဒါကြောင့် သူ့ကိုချစ်ဖို့အကြောင်းကိုကျနော်နည်းနည်းလေးမှမတွေးဖြစ်တော့ ပါ...။သူလည်းကျနော့်ကိုတကယ်ချစ်လိမ့်မယ်လို့ ကျနော်မထင်ဘူး...နောက်ြပီးသူ့လိုလူက အချစ်ဆိုတာကိုရော နားလည်ပါ့မလား...ဘယ်လိုမှမဖြစ်နိုင်ပါဘူး.....။
ကျနော်အရင်ကအကြောင်းတွေပြန်တွေးမိနေတာမို့ သက်ပြင်းချရင်း....စိတ်တွေပြန်စုစည်းလိုက်ကာဟင်းချက် နည်းတွေလိုက်မှတ်နေလိုက်သည် ။ထိုချိန် အိမ်ရှေ့ဘက်ကအသံသဲ့သဲ့ကြားတာကြောင့် ကျနော် မီးဖိုခန်းထဲကထွက်လာပြီး အိမ်ရှေ့ဘက်ကိုလျောက်လာခဲ့လိုက်တယ်...။ထိုချိန် အိမ်ရှေ့ဧည့်ခန်းထဲမှာ လူတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရတာကြောင့် ကျနော်ထိုလူမမြင်အောင် တိုင်လုံးကြီးနဲ့ကွယ်ပြီးရပ်လိုက်ရင်း ထိုလူ့ကိုအကဲခတ်နေမိသည်..။ သူ့ပုံစံက ကိုဈာန် နဲ့မျက်နှာပေါက်နည်းနည်းဆင်ကာ..အသားဖြူစွတ်စွတ်နှင့် ရုပ်ရည်ကတော့ တော်တော်ကြည့်ကောင်းသည်...နောက်ြပီး သူကမျက်မှန်လည်းတပ်ထားသေးသည်...ကျနော်သူ့ကိုကြည့်နေတုန်း သူက ဧည့်ခန်းကနေ ကျနော်ရှိတဲ့ဘက်နားကိုလှမ်းကြည့်နေတာမို့ ကျနော်လန့် သွားကာ...တိုင်နဲ့ ကပ်ပြီး ငြိမ်နေလိုက်ရသည်...။ခဏကြာတော့...