COL : 4

2.7K 170 9
                                    

တင်းကျပ်စွာဖက်ထားချင်းခံရသောသူ့မှာ အိမ်ရာနွန်းခိုင် ၏အပြောကြောင့်
အကြောင်သားဖြစ်ရပြန်သည်။

အိမ်နေရင်းယောင်တာလား.......

"မောင့်ကိုမထားခဲ့ပါနဲ့အသက်ရယ်"

"လူမှားနေတယ်သခင်လေး၊ ကျွန်မကရွက်စိမ်းမိုးသောက် ပါ"

ထိုသို့ပြောလိုက်ချိန်တွင်ဘေးသို့စောင့်တွန်းခံလိုက်ရသောကြောင့်
ကုတင်ဘေးရှိစာကြည့်စားပွဲခုံ၏စောင်းနှင့် လက် ရိုက်မိသွားကာ

"အာ့"

ခပ်တိုးတိုးအော်လိုက်သောလည်း
အိမ်ရာနွန်းခိုင် ကမျက်မှောင်ကြုံ့လျှက်

"ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး"

"ဘာလာလုပ်နေတာလဲ"

"သခင်မကြီးက ခြံထဲဆင်းဖို့လာခေါ်ခိုင်းလို့လား"

"မဆင်းချင်ဘူး"

"ဟုတ်ကဲ့"

ထိုသို့ပြောကာ အခန်းထဲမှထွက်မည်ပြုတော့....

"နေဦး"

"ဟုတ်ကဲ့ပြောပါ"

"ဒီနေ့ကစပြီး ငါအသိစိတ်လွတ်လို့
မင်းကိုအသက်လို့ထင်ပြီး ပြုမူမိတိုင်းမင်းမငြင်းဆန်ရဘူး"

"........"

"ဒါအမိန့်ပဲ ရွက်စိမ်းမိုးသောက်"

"ကျွန်မဖြစ်တည်မူကို တစ်ခြားသူနဲ့ထင်ယောင်ထင်မှာဖြစ်တာကိုမကြိုက်ဘူး
နွန်း"

"မင်းတာဝန်က ငါအမိန့်ပေးရင် လိုက်နာဖို့ပဲ ရှိတယ်၊ ရွက်စိမ်းမိုးသောက်"

".........."

"အသက်ကမောင့်ကိုခြံထဲဆင်းစေချင်လား"

အသက် လို့ခေါ်လိုက်တိုင်း သူ့နှုတ်ခမ်းစွန်းကကော့ညွတ်လျှက်ပင်။

လူတွေက သူတို့ချစ်တဲ့သူတွေနဲ့ပတ်သက်လာ ရင် ခေါ်တဲ့နာမ်စားကအစ မြတ်နိုးကြတယ်တဲ့။

ဒါပေမယ့် သူ့ဖြစ်တည်မူကမှေးမှိန်သွားရတယ်။

"ကျွန်မ နာမည် ရွက်စိမ်းမိုးသောက်ပါ၊
ဘယ်သူ့ရဲ့အရုပ်မှလဲမဟုတ်သလို၊
ရှင်ထင်ယောင်ထင်မှားဖြစ်တဲ့အခါတိုင်းကျွန်မတွေ့တောင်မတွေ့ဘူးတဲ့ အမျိုးသမီးအဖြစ် နေပေးရမယ်ဆိုတာ လက်မခံနိုင်ဘူး"

𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞Where stories live. Discover now