အိမ်၏ပုံစံမှာ နှစ်ထပ်တိုက်အိမ်ဖြစ်သော်လည်း မှန်ကာထားသောကြောင့်
တစ်မျိုးဖြစ်နေသည်မှာအမှန်ပင်၊မိုးသောက် လိုလူမျိုးအဖို့ ဒီလိုဒီဇိုင်း
မျိုးနဲ့အိမ်တွေကို လမ်းသွားရင်းမြင်တာမျိုးနဲ့ ဖုန်းထဲမှာမြင်တာမျိုးလောက်ပဲ
ရှိတာမို့ မိမိနေရမည့်အိမ်ဟုသိလိုက်ရသော အခါ အိပ်မက်ထဲရောက်နေသလိုပင် ဘေးတွင်လည်း ချစ်ရသူက ရှိနေသေးတယ်လေ။ကားထဲမှ မထွက်သေးပဲ ထိုင်နေသော
မိုးသောက်အား အိမ်ရာက ထိုင်ကြည့်နေလေသည်။အိမ်တစ်လုံးကိုတအံ့တဩ ကြည့်နေ
သည့်ပုံက ကလေးတစ်ယောက်လို
နှစ်ယောက်ထဲရှိနေချိန်တွင်
ဘာလို့မှန်းမသိ စိတ်အေးနေရသည်။"ကားပေါ်ကမဆင်းတော့ဘူးလား"
အိမ်ရာ့အပြောကြောင့်
အိမ်ကိုငေးမောနေသူက"ဒီမှာတစ်ကယ်နေရမှာလား"
"ဒီမှာမနေလို့ ဘယ်မှာသွားနေချင်တာလဲအသေးလေးက"
ကိုယ့်ထက်ငယ်တဲ့သူကကိုယ့်ကို
ခေါ်တဲ့ နာမ်စား ဟာအသေးလေး တဲ့"ဘာကြည့်နေတာလဲ"
"ပျော်လို့"
ငါတစ်ကယ်ပျော်တယ် မောင်........
မင်းနဲ့ ဒီလိုရှိနေရရင်၊ မင်းရဲ့နွေးထွေးတဲ့
ဆက်ဆံမူတွေကို ငါရနေရင်
ငါသိပ်ပျော်တာ။"အင်း....ပျော်ရင်ဆင်းလေ၊ အိမ်ထဲဝင်ရအောင်"
"ဟုတ်"
__________________________________
အိမ်လေးဟာ အပြင်ဘက်တွင်သာလှပပြီးနေချင်စရာကောင်းနေသည်မဟုတ်ပဲ အတွင်းပိုင်းတွင်လဲ အိပ်မက်ဆန်ဆန်လှပကာ သန့်ရှင်းတောက်ပြောင်လျှက်ရှိသည်။ဧည့်ခန်းထဲတွင် ပန်းချီကားများချိတ်ထားသေးသည်။
အဝင်အထွက်တံခါးဘေးတွင်
ဟိုဘက်ဒီဘက် ပန်းအိုးကြီး နှစ်လုံးလဲ
ရှိနေသည်။ဧည့်ခန်း လယ်တွင် အကျယ် ၆ပေလောက်ရှိသည့်
စားပွဲခုံတစ်လုံးရှိနေသည်။"ဘာတွေတွေးနေတာလဲ"
"အိမ်ကလှလို့"
"အင်း....မောင်တို့ ရဲ့ အခန်းကိုအရင်သွားကြည့်ရအောင်"
YOU ARE READING
𝐶𝑜𝑛𝑡𝑒𝑛𝑡𝑠 𝙾𝚏 𝐋𝐨𝐯𝐞
Romanceမောင့်ရဲ့သစ်ရွက်စိမ်းလေး။ 📌Cover from pinterest (Mini story) Aain Yar Noon Khine+Yazt Sane Moe Thout